Ep-20

200 21 0
                                    

Build Pov

မနေ့ညကတညလုံးငိုလိုက်တာ ဘယ်ချိန်အိပ်ပျော်သွားမှန်းလဲမသိဘူး၊ စိတ်နဲ့လူနဲ့မကပ်တော့ နိုးလာတော့ကြည့်မိရာ ငါ့အခန်းကိုမပို့ပေးဘဲ Bible ကဘယ်ခေါ်လာလဲမသိဘူး၊ ငါကသူလက်မောင်း‌ေပါ်အိပ်ပျော်သွားတာလား၊ သူ့ရဲ့အိပ်‌ပျော်နေတဲ့မျက်နှာလေးကို အမှတ်တရမဲ့ကြည့်မိတော့ လုံးဝချောမောတဲ့သူမျက်နှာလေးက မနက်နေရောင်ခြည်ကြောင့် မျက်စိစူးနေသလိုမျက်ခွံလေးလှုပ်သွားတာကိုသတိထားမိတော့ ငါ့လက်ကလေးနဲ့သူ့မျက်နှာအရိပ်ရအောင် ကာလိုက်မိတယ်၊ သူရဲ့မျက်နှာလေးကိုစိုက်ကြည့်နေတုန်း

"Bui..."

ကာထားတဲ့ငါ့လက်ကို သူ့လက်နဲ့အုပ်မိုးကာ ငါ့လက်ကိုသူ့ရင်ဘတ်ပေါ်ဆွဲတင်လိုက်တော့ သူ့ရင်ခုန်သံတွေမြန်နေတာကိုသတိထားမိသလို၊ ငါရင်ခုန်သံတွေကလဲထပ်တူမြန်‌ဆန်နေတယ်။

"နိုးလာပြီလား Bible " ငါ့လက်ကိုအမြန်ရုန်းကာပြောလိုက်ပင်မယ့် သူက ငါ့လက်လေးကို သူ့မျက်နှာလေးနဲ့ပွတ်သပ်ကာ

"5minဘဲ ဒီလိုမျိုးလေးခနလောက်နေပါ‌ရစေနော် "
သူရဲ့အသံသေးသေးလေးနဲ့ပြောတဲ့ပုံလေးကအစ နူးညံ့မှုအပြည့်နဲ့မို့ ငါလဲမငြင်းရက်ဘူးလေ။

"Buii ..ထတော့လေ မနက်စာစားရအောင်" သူရဲ့5minဆိုပင်မယ့် ငါတို့နှစ်ယောက်လုံးအဲ့အတိုင်းပြန်အိပ်ပျော်သွားတာ 1နာရီလောက်ရှိမယ်။သူကငါမျက်နှာ‌ကို လေနဲ့တချက်မှုတ်ကာ လာနှိုးတော့မှ

"ဟင်....အင်း.." ငါလဲခန‌ေလာက်ကြာမှမျက်လုံးကိုပွတ်သပ်ကာထဖို့လုပ်တော့တယ်။

"Bui ရေအရင်ချိုးလိုက်လေ "

ရေချိုးခန်းထဲကထွက်လာကာပြောတဲ့သူဆီတချက်ကြည့်လိုက်တော့ သူကအပေါ်ပိုင်းဘာမှမပါတော့ သူရဲ့ကျစ်လစ်တဲ့ခန္ဓာကိုယ်ကိုအတိုင်းသားမြင်နေရတယ်၊သူရဲ့ယောကျာ်းပီသတဲ့ခန္ဓာကိုယ်ကြောင့် ငါသူ့ဆီကနေမျက်လုံးမခွာနိုင်ဖြစ်သွားတယ်၊ ရေစိုနေတဲ့ဆံပင်တွေကိုလက်နဲ့သုတ်နေတဲ့ပုံစံကအစ မိမိုက်နေတယ်

"Buii, ကို ခေါ်နေတာကြာပြီ ဘာဖြစ်လို့လဲ "
သူဆီက အသံကြားတော့မှ

Heartbeat Where stories live. Discover now