Ep-10

206 22 3
                                    

Build Pov

"Buiရယ် လိုက်ခဲ့စမ်းပါ သူ့ဆီကိုပစ္စည်းသွားပို့ရမှာ
နင်မလိုက်ရင် ငါတယောက်တည်းထဲကြောင်တောင်တောင်ဖြစ်နေမှာ လုပ်ပါနော် "

မနက်အစောကြီးအိမ်လာပြီ နားပူအောင်ပြောနေတဲ့ Apoတယောက်ကတော့ အမြဲဖြစ်လိုက်ရင် အသည်းအသန် ခုလဲ အတင်းခေါ်နေတာ ငါအလုပ်ကိုမလုပ်ရဘူး သူတို့နောက်ဘဲပတ်လိုက်ရတယ်၊ Ptongနဲ့ချင်းမိုင်သွားပြီးတာတောင် တပတ်ဘဲကြာသေးတာ ခုလဲအပြင်ပြန်ထွက်ရပြန်ပြီ အမေဆူလို့အိမ်မှာဘဲနေဖို့တွေးနေကာမှ ငါ့အိမ်ကအိမ်စောင့်နတ်ကငါအိမ်မှာနေတာမကြိုက်ဘူးထင်တယ်။

"အေးပါဟာ လိုက်ရင်ပြီးတာဘဲမလား " ငါလက်ကိုအတင်းဆွဲခေါ်နေတဲ့Apoကတော့လေ ဘယ်ကenergyတွေရလဲမသိဘူး အားအရမ်းသန်တာဘဲ။

"ရောက်ပြီ bui ငါနဲ့တခါထဲလိုက်ခဲ့လေ "

"ကားပေါ်ဘဲနေခဲ့တော့မယ်လေ အထဲတော့မလိုက်တော့ဘူး Apoဘာသာသွားတော့ "

"အဲ့ဆိုလဲပြီးတာဘဲ ခနဘဲစောင့် စာရွက်တွေပေးပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ် " Apoကပြောပြီးကားပေါ်ကဆင်းသွားတော့တယ်။

ငါလဲကားပေါ်ကဆင်းပြီး ဘေးပတ်လည်လှည့်ကြည့်နေတုန်း ငါ့နာမည်ခေါ်သံလာရာဆီသို့..

"Bui... "

" aww Bible ကဒီကိုဘာကိစ္စ "

"ကိုယ်က ဒီကကျောင်းသားလေ တကယ်ဘဲမသိတာလား " Bible ကပြောလာတော့

တကယ်ဘဲမသိတာလေ သူလဲသူ့အကြောင်းတခါမှမ‌ေပြာပြဖူးသလို Ptongကိုလဲ ငါမေးမကြည့်ဖူးဘူး၊မလိုအပ်ဘူးထင်လို့လေ

"အင်း"

"Buiကကော ဘာကိစ္စနဲ့ဒီကိုလာတာလဲ"

"Buiသူငယ်ချင်းကဒီကိုကိစ္စရှိလို့လာတာ
အဲ့ဒါbuiကအဖော်လိုက်လာတာ "

"အဲ့ဆိုကိုယ့်ကို တွေ့ချင်လို့လာတာမဟုတ်ဘူးပေါ့"

အမ် ငါကဘာလို့သူ့ကိုတွေ့ချင်ရမှာလဲ၊ ကိုယ့်ကိုကိုတအားအထင်ကြီးနေတာဘဲ၊ အစကရုပ်တည်ပြီးမာနကြီးသလိုနဲ့ နောက်ပိုင်း တအားလိုက်စနေတဲ့bibleက ဘာဆေးတွေမှားသောက်ထားတာလဲမသိဘူး။

Heartbeat Where stories live. Discover now