Ep-6

238 24 0
                                    

Bible Pov

Pongခိုင်းလို့ ဟိုဆူပုပ်ပုပ်ကို ရေနွေးလာစပ်ပေးရတယ်။ အဝေးက‌နေလှမ်းကြည့်မိတော့ တွန့်လိမ်နေတာ‌ေမြွအတိုင်းဘဲ ရေကဘဲအေးတာလား သူကဘဲovertineနေတာလား မကွဲတော့ဘူး ဘာဘဲဖြစ်ဖြစ် ကိုယ်မြို့ကိုလာတဲ့ဧည့်သည်ဘဲ ဧည့်ဝတ်တော့ကျေရမှာပေါ့ ချင်းမိုင်သားတို့ရိုင်းတယ်ဆိုတဲ့သမိုင်းမရှိစေရဘူး

"အဲ့လိုချိုးနေရင်ဒီတသက်ပြီးမှာမဟုတ်ဘူး"
သူကိုလှမ်းပြောလိုက်တော့ နှုတ်ခမ်းဆူပြီး
ငါ့အပူမပါဘူးလို့ပြန်ပြောတာများ စွာလိုက်တာကပ်ကပ်လှန်နေတာဘဲဘယ်လိုအကောင်ပေါက်လဲ
ရေပူမစပ်ပေးဘဲပြန်လှည့်တော့ လှမ်း‌ေခါ်တဲ့အသံက ...

"ဟေ့လူ နေဦး"ဆိုတော့ စိတ်တိုကာသူကိုပြန်ပြောလိုက်တယ်

"Bible"

"အမ်" ဆိုပြီးအူကြောင်ကြောင်ရုပ်နဲ့

"Bible Wichapas Sumettikul"ဆိုပြီးအရှည်ကောက်ပြောလဲနားမလည် ကိုယ်နဲ့တလမ်းလုံးတူတူစီးလာတဲ့သူရဲ့နာမည်တောင်မသိတာ။
ဘယ်လို‌ေတာင်တုံးတာလဲ သူကိုငါ့ကပြန်ပေးဆွဲတောင် "ဟေ့လူဆွဲတာပါလို့လုပ်ဦးမလားမသိဘူး"
တကယ့်ဟာလေးဘဲ...

"ကိုယ့်နာမည် Bible Wichapas Sumettikulလို့" ပြောတော့မှ "အော်" ဆိုတဲ့အသံထွက်လာတော့တယ်
တုံးတာလား တုံးချင်ယောင်ဆောင်နေတာလားမသိတော့ဘူး။

"ကျွန်တော့နာမည်က ..." သူနာမည်လေးပြန်မိတ်ဆိတ်မလို့လုပ်တော့ "သိတယ်"လို့သာပြောပြီး
ရေပူစပ်ပေးကာထွက်ခဲ့တော့တယ်၊ သူမိတ်ဆက်ပေးတာကိုအစကလိုချင်ပင်မယ့် ခုတော့မလိုချင်တော့ဘူး ငါ့နာမည်အတိုကောက်တောင်မသိတဲ့သူရဲ့နာမည်အရှည်ကိုလဲမသိချင်တော့ဘူး စိတ်ထဲဝမ်းနည်းသလိုခံစားရတာမို့ ဘဝင်မကျကာ ထွက်လာခဲ့တော့တယ်။

Build Pov

ရေချိုးပြီးတော့ Pongအ‌ဖွားတို့ချက်ပေးထားတဲ့ဟင်းတွေကအများကြီးဘဲ ဟင်းချက်တော်တယ်လို့ကြားထားတဲ့အတိုင်း အရမ်းအရသာရှိတာဘဲ။ ခရီးပန်းထားတဲ့အရှိန်နဲ့အားရပါးရစားလိုက်တာ ၂ပန်းကန်လောက်ကတော့အသာလေးကုန်သွားတယ် ဟဲဟဲ။(အစားအသောက်တွေအလကားမဖြစ်အောင်လို့ပါ စားချင်လို့တော့မဟုတ်ပါဘူး) ဆိုပြီး အတွေးထဲနယ်ချဲ့နေတုန်း

Heartbeat Where stories live. Discover now