Golden Time 💙

148 17 8
                                    

Finally!!!!

ကျွန်တော်တို့ရဲ့အိမ်မက်ဆိုးကြီးကတော့ သူတော်ကောင်းလေးရဲ့ခွင့်လွှတ်မှုကြောင့်ပြီးဆုံးသွားပါပြီ

buiခွင့်လွှတ်လိုက်တာကိုမကျေနပ်ပင်မယ့် ဒီလိုcase တော်တော်များများက အဆိုးဆုံးပြစ်ဒဏ်အနေနဲ့ဆိုတောင် လျော်ကြေးလောက်ဘဲတွေ့ဖူးသေးတာမို့ အများကြီးတော့ မ‌မျှော်လင့်ခဲ့ပါဘူး၊

ဒါမယ့် ခွင့်လွှတ်မှုဆိုတာက ခွင့်လွှတ်လိုက်တဲ့သူအတွက်ဘဲ ပြီးဆုံးသွားပင်မယ့် အဲ့ခွင့်လွှတ်မှုနဲ့မထိုက်တန်တဲ့သူတွေအတွက်တော့ အချိန်ဆိုတာ အကန့်အသတ်မရှိပါဘူး၊ သူမသေမချင်း အဲ့ပြစ်ဒဏ်ကိုခံစားသွားရမှာဘဲ

ပြီးတော့ social cardကိုကိုင်ပြီး ယုတ်မာခဲ့တဲ့အဲ့မိန်းမရဲ့မဟာအမှားဘဲနော်
အဲ့အတွက် သူရဲ့လှုမှုပတ်ဝန်းကျင်၊မိသားစုအသိုင်းအဝိုင်းကြားမှာ သူကဘယ်တော့မှလူတောတိုးမှာမဟုတ်သလို၊ သူ့စိတ်ဓာတ်ဘယ်လောက်အောက်တန်းကျလဲဆိုတာ တလောကလုံးကအသိဘဲဖြစ်သွားတဲ့အတွက် သူပြစ်ဒဏ်က သူမသေမချင်းသူ့နောက်ကို အရိပ်လိုဘဲ လိုက်နေမှာပါ။အဲ့ဒါက ထောင်ကျတာထက်ဆိုးတဲ့ပြစ်ဒဏ်ပါဘဲ၊

တကယ်လို့ ထောင်ကျခဲ့တောင် အပြစ်ကိုပေးဆပ်ပြီးပြီလို့ထင်နေတတ်ကြတဲ့သူတွေအများကြီးပါ၊ထောင်မကျဘဲ ဒီအတိုင်း လူဘောင်လောကမှာ သူ့ဘာသာဘယ်လိုနေပါစေ သူကအမြဲအပယ်ခံဘဲဖြစ်နေမှာပါ၊ သူနဲ့ပေါင်းသင်းတဲ့သူတောင်ရှိမှာမဟုတ်ဘူး လာပေါင်းတဲ့သူတွေတောင် မဝံ့မရဲနဲ့ ဘယ်နေ့ ငါအလှည့်ကျမလဲဆိုပြီး ရင်တမမ‌နဲ့နေရမယ့် အဖြစ်မျိုးကို ခံနိုင်ရင်တော့ အဲ့လိုအောက်တန်းကျတဲ့လူမျိုးနားကပ်ဖားကပ်ယားနေကြပေါ့

နောက်တခုပြောချင်တာက buiဘာလို့ ဒီလိုမျိုး ခွင့်လွှတ်ပေးလိုက်လဲဆိုတာကိုပါ၊ buiလိုစိတ်ဓာတ်မျိုးနဲ့က ခွင်လွှတ်နိုင်တယ်ဆိုတာသိပြီးသား၊ ဒါမယ့်ဒီတ‌ေခါက်‌ေတာ့ သူ့မိသားစုနဲ့ သူ့fanတွေကြောင့်လို့ဘဲအခုလို ဆုံးဖြတ်လိုက်တယ်လို့ဘဲထင်တယ်

Bui case က အခုလို လပိုင်းလေးနဲ့ပြီးသွားတာက အတော်လေးမြန်တယ်လို့ပြောလို့ရတယ် ဒါမယ့် ကျွန်တော်တို့အတွက်တော့ ၄လ(21ရက်က‌ေနစတွက်ရင်‌ေတာ့ 108ရက်ဘဲရှိပါသေးတယ် ဒါမယ့် ဘာလို့‌4လလို့ပြောလဲဆိုရင် 18ရက်အရှေ့ပိုင်းကလဲ 4min seriesအတွက်ရင်ခုန်တာတွေစိုးရိမ်တာတွေကောဖြစ်ခဲ့ပင်မယ့် အဲ့21ရက်နေ့ကြောင့် ကျွန်တော်တို့ရဲ့မျှော်လင့်ချက်အားလုံးကိုရိုက်ချိုးခံခဲ့ရသလိုခံစားရလို့ ကျွန်တော်ကတော့ အဲ့ရက်တွေပါထည့်ပေါင်းထားတာပါ) ဆိုတဲ့အချိန်က အတော်လေးကို ဆိုးဝါးတဲ့ငရဲတခုလိုခံစားရခဲ့ရတာပါ၊ ကောင်လေးမျက်နှာတခုဘဲကြည့်ပြီး အမျိုးမျိုးပြောဆိုခံခဲ့ရတာတွေ၊ စိတ်ရောကိုယ်ပါပင်ပန်းတဲ့အထိ ခံစားရခဲ့တာတွေကိုတော့ ပြန်မပြောချင်တော့ပါဘူး

Heartbeat Onde histórias criam vida. Descubra agora