Ep-19

182 16 0
                                    

Bible Pov

Highway လမ်းမရောက်ခင် ဆိပ်ကမ်းနားမှာ လမ်းသွယ်တခုရှိနေတယ် ၊ငါတို့ဘယ်ကိုသွားရမှန်းမသိဖြစ်နေပင်မယ့် ငါရုတ်တရက်တခုကိုပြန်မှတ်မိသွားတယ်

"ကျွန်တော်တို့ကသူခိုင်းတဲ့အတိုင်းဘဲ Bible ဆိုတဲ့သူလာရင်ရှင်းဖို့ကိုဘဲသိတာပါ။ သူဘယ်သွားလဲဆိုတာတော့ပြောမသွားပါဘူး၊ အဲ့ဒါတကယ်ပါ ဒါမယ့် သူဖုန်းပြောတာ ကြားတာတော့ ဆိပ်ကမ်းနားက hotel လို့တော့ကြားတယ် ဘယ်ဆိပ်ကမ်းလဲတော့ကျွန်တော်မသိပါဘူး " ဟိုလူကိုငါထိုးရင်းမေးတုန်းကစကားသံနား‌ထဲပြန်ကြားယောင်မိတော့တယ်။အဲ့တုန်းက ဆိပ်ကမ်းတွေများတော့ ဘယ်ဆိပ်ကမ်းများမသိပင်မယ့် ခုတော့ CCtvမှတ်တမ်းကြောင့် Aဆိပ်ကမ်းဆိုတာတော့သေချာတယ်

"Hotel က highway လမ်းမှာတော့မရှိလောက်ဘူး ဒီလမ်းသွယ်ဘက်မှာဘဲဖြစ်လောက်တယ် "
ငါနောက်ကပါလာတဲ့ Pတို့ကိုတချက်ပြောကာ လမ်းသွယ်ဖက်ကိုမောင်းလာခဲ့တယ်။ ဒါမယ့်

"Bible မင်းဟာကသေချာလို့လား တလမ်းလို့မဲမှောင်နေတာဘဲ hotel ရှိမယ့်ပုံမပေါ်ဘူး "jeffကကားထဲကလှမ်းပြောတော့

"ဟိုကောင်တွေပြောတာတော့ hotel လို့ပြောတာဘဲ
ဒါမယ့် hotel အစစ်လို့တော့ငါမထင်ဘူး ဘာလို့ဆို buiမှာ မှတ်ပုံတင်လဲပါမသွားတော့ သူhotelတော့မခေါ်လောက်ဘူး hotel အဟောင်းတခုခုဘဲခေါ်သွားတာဖြစ်မယ် "
သူတို့ကိုတချက်လှမ်းပြောကာ ဆိုင်ကယ်ကိုဖြေးဖြေးချင်းမောင်းကာ ဘေးဘက်ကိုသေချာလိုက်ကြည့်မိတယ်၊ လမ်းသွယ်ရဲ့တချက်မှာ ဆိပ်ကမ်းနဲ့နီးတော့ ဂိုထောင်အဟောင်းနဲ့ ကားကြီးတွေဘဲရှိတယ်၊ hotel နဲ့တူတာမတွေ့ပင်မယ့် လေးထပ်တိုက်ဟောင်းတခုတော့ခပ်လှမ်းလှမ်းမှာမြင်နေရတယ်၊ စိတ်ထဲအဲ့တိုက်ကိုဘဝင်မကျကာ

"အဲ့တိုက်လို့တော့ထင်တယ် ဝင်ရှာကြည့်ကြမယ်"ငါပြောရင်း‌ဆိုင်ကယ်ကိုဘေးနားကပ်ကာပြေးသွားတော့တယ်။

"Pတို့လဲကားတွေဒီနားကအကွယ်မှာဘဲရပ်ခဲ့ ဟိုကောင်တွေရိပ်မိသွားလိမ့်မယ် " jeffကနောက်က Ptong တို့ကိုပြောကာ ငါနောက်လိုက်လာတော့တယ်။

သေချာပေါက်ဒီနေရာမှာရှိနေပါစေ‌ေနာ် buiရယ်။
ဒီမှာမရှိရင် တခြားနေရာဆို ‌ကို ရှာမတွေ့ခင် buiတခုခုဖြစ်နေမှာစိတ်ပူရတယ်၊ ဆိုင်ကယ်မောင်းတဲ့
တလမ်းလုံးလဲ ‌ကို ရင်တွေပူကာ လက်တွေတောင်တုန်နေမိတယ်။

Heartbeat Where stories live. Discover now