Extra

365 22 2
                                    

Build Pov

Bible နဲ့ရည်းစားဖြစ်တာ 1နှစ်ကျော်ပြီ သူနဲ့တွဲရတာအဆင်ပြေလားဆိုတော့ အင်းး သက်ပြင်းဘဲချနိုင်တော့တယ်။ဘာလို့လဲ သိချင်လား အဲ့ဆို ပြောပြမယ်...

"Bui ဒီနေ့ဆိုင်ပိတ်ရက်မလား "

"Ommဘာလို့လဲ "

"Buiပျင်းနေလား၊ ကိုယ်တို့တခုခုလုပ်ကြရအောင်လေ "

သူ့စကားကြောင့် ငါနဲနဲတော့ရှက်သွားတယ် ဟီးဟီး။

" Bible ကဘာလုပ်ချင်လို့လဲ "

"လာဒီကို "
ဆိုပြီး အခန်းထဲခေါ်သွားတော့တယ်။အဲ့မှာစတာဘဲ ဇာတ်လမ်းက...

"လာ buiကို Eng စာသင်ပေးမယ် "

ငါ့များသူဂိုက်သင်နေကျကလေးတွေထင်နေလားမသိဘူး၊ အော်bibleက ကျောင်းပိတ်ရက်တွေဆို ကလေးတွေကိုဂိုက်သင်လေ့ရှိတယ်၊ အရင်ကတော့မသင်ဘူး ငါနဲ့ရည်းစားဖြစ်တော့ နောင်ရေးအတွက်ဆိုပြီး ပိုက်ဆံတွေရှယ်စုနေတယ် သူကတကယ့်ကိုတော်တယ် အလိုက်မသိတတ်တာတခုဘဲ...

"အော် "

သူငါ့ကိုစာသင်ပေးမယ်ကြားတော့ aww ဘဲပြောနိုင်တော့တယ်၊ သူ့ကိုစိတ်တိုရမယ့်အစား တလွဲတွေးနေတဲ့ငါခေါင်းကိုဘဲ တူနဲ့ထုချင်တယ်၊ ရှက်ဖို့ကောင်းလိုက်တာ။

*****

သူနဲ့အနေကြာတော့ engလိုညှပ်ပြောလေ့ရှိတယ်၊ အရင်ကထက်စာရင် ငါ့skillက တိုးတက်လာတယ်ပြောရမယ်။ဒါနဲ့မပြီးသေးပါဘူး

သူပျင်းတဲ့အချိန်တိုင်း ငါ့ကိုစာသင်လေ့ရှိတယ်၊ တခါတလေ လမ်းမှာတခုခုမတွေ့လိုက်နဲ့ သူခေါင်းထဲပုစ္ဆာတွေပေါ်လာရင် solution တွေနဲ့ ငါ့ကိုအချက်ချချရှင်းပြသေးတာ။

"ငါ့နှယ် ရည်းစားထားပါတယ်ဆို အိမ်မှာ ညအိပ်ညစားဆရာတယောက်ခေါ်ထားသလိုဘဲ "

ပြောသာပြောရတယ်၊ Bible ကတခါတလေလဲ တအားနူးညံ့တာ၊ သူ့ချစ်တာကိုပါးစပ်ကမပြောပင်မယ့် အမူအရာလေး‌ေတွကနေ ဖော်ပြတတ်တယ်၊ အရမ်းလဲသဝန်တိုတတ်ပင်မယ့် ငါ့ကိုချုပ်ချယ်သလိုဖြစ်မှာဆိုးလို့ သဝန်တိုတာကိုထုတ်မပြောဘူး သူ့စိတ်ထဲဘဲမှတ်ထားတာ။တခါက

Heartbeat Where stories live. Discover now