Ep-2

376 27 0
                                    


At Shopping Mall,

"လေးလိုက်တာ ဝယ်တုန်းကသတိမထားမိဘူး ခုအထုပ်ဆွဲရတော့မှ နောင်တရနေပြီ"
အကျင့်ကလဲဖျောက်မရ မြင်သမျှအကုန်လိုချင်နေတော့လဲ ဟဲဟဲ ဒါမယ့်ဒီနေ့အတော်များတာ ခရီးအတွက်ပါလိုတဲ့အကျီလေးတွေပါဝယ်ရတော့ အထုပ်ဆွဲရတာမသက်သာလှဘူး

"ဟာသေရော buiရာ ကားမပါခဲ့တာကိုလုံးဝမေ့နေတာဘဲ ဒီအထုပ်တွေနဲ့ Mallရှေ့ထိဘယ်လိုသယ်ရမလဲ"
မနက်ကPtongတို့လာခေါ်လို့ကားကိုအိမ်မှာဘဲထားခဲ့မိတာ ခါတိုင်းလိုဘဲအထင်နဲ့ ဝယ်လိုက်တာ အရမ်းများသွားပြီ ခုတော့taxiစီးဖို့mallရှေ့ထိအထုပ်ပြန်ဆွဲရတော့မယ် ကားပါတယ်အထင်နဲ့car parkingအထိလျှောက်လာခဲ့တာ ခုတော့ground ကနေ အပေါ်ထပ်ကိုပြန်တက်ပြီးအပြင်ပြန်ထွက်ရဦးမယ်...ဟူးး

"ဟ မမြင်ဘူးလား"

Ptongနဲ့တွေ့ရင်အမြဲတခုမဟုတ်တခုဖြစ်တယ် ခုလဲကြည့် မနိုင်မနင်းသယ်လာရတဲ့အထုပ်တွေ တစုံတယောက်နဲ့တိုက်မိလို့ ကြမ်းပြင်မှာပြန့်ကျဲကုန်ပြီ

"သွားပါပြီ My baby လေးတို့ ဘယ်နားနာသွားသေးလဲ၊ ငါ့ရေမွှေးပုလင်း‌ေလး‌ေတွကောကွဲသွားပြီလားမသိဘူး"

"ဟဘယ်လိုလူတုန်း လူတယောက်လုံးနဲ့တိုက်မိတာကို sorry တခွန်း‌ေပြာဖို့မပြောနဲ့ ဒီအထုပ်စုတ်တွေဘဲကြည့်နေမှာလား ခင်ဗျားကဘယ်လိုတုန်း"

သေပြီ အထုပ်တွေဘဲကြည့်နေတာနဲ့ ဟိုလူကိုမေ့နေတာ ဒါနဲ့နေပါဦး အရင်တိုက်တာသူလေ ငါကဘာလို့တောင်းပန်ရမှာလဲ

"ဒါနဲ့ဘယ်နား‌နာသွားသေးလဲ "
ဟုတ်ပါတယ် ဒါလဲငါဘဲ အပြောတမျိုး အလုပ်တမျိုးပါ ဟုတ်တယ်လေ အတွေးထဲကအ‌တိုင်းပြောရင် ငါကိုရိုက်သွားမှာပေါ့ အခုတောင်ဒင်းကပိတ်ဟောက်နေတာ

"ခုမှမေးဖော်ရတယ်နော် နေပါစေ ခင်ဗျားအထုပ်တွေဘဲပြန်ကောက်လိုက် နောက်ခါလမ်းလျှောက်ရင်အရှေ့ကြည့်လျှောက် ကားဆို တခါထဲသေနေပြီ"

ဘယ်လိုတောင်ဩဇာသီးလာရောင်းနေတာလဲ စေတနာနဲ့ပြန်မေးပေးတာကို ပါးစပ်ကလဲအပေါက်ဆိုးလိုက်တာ နေဦးမျက်နှာလဲဘယ်လောက်ဆိုးလဲကြည့်ရဦးမယ်

Heartbeat Waar verhalen tot leven komen. Ontdek het nu