Ep-18

172 15 0
                                    

Bible Pov,

ဆိုင်ကယ်မောင်းနေတဲ့တလျှောက်လဲ ငါစိတ်တွေမောနေတယ်၊ blueရဲ့အိမ်မှာ buiရောက်နေတော့
ငါ့စိတ်တွေဘဝင်မကျဖြစ်‌ေနမိတယ်၊ အတ္တကြီးတယ်လို့ဘဲပြောပြော buiကိုပြန်မမှတ်မိစေချင်ဘူး၊ buiသာ သူ့ကိုပြန်မှတ်မိသွားရင်ဆိုတဲ့အတွေးကငါ့စိတ်ကိုအမြဲဒုက္ခပေးနေတယ်၊ buiဆီကငါ့ကိုချစ်တယ်ဆိုတဲ့အဖြေတောင်မရသေးတော့ ပိုဆိုးတယ်၊ အတိတ်ကိုပြန်မှတ်မိသွားရင်ကော သူ့စိတ်ထဲမှာ ငါ့ဆိုတဲ့ဖြစ်တည်မှုကကျန်ခဲ့ပါ့မလား။

"Bui ကိုယ် ကိုခနဘဲစောင့်နော် ၊buiဘာမှမဖြစ်အောင် ကို အတတ်နိုင်ဆုံးbuiကိုကာကွယ်ပေးမယ်နော်"
ဆိုင်ကယ်ကို အရှိန်တင်ကာမောင်းရင်း ‌တိုးတိုးလေရေရွတ်လိုက်မိတယ်။

ထိုအိမ်ရှေ့ရောက်ခါနီးတော့ ခြံထဲကိုအရိပ်ခြေကြည့်မိတော့ ခြံစောင့်တွေရှိနေတာကိုသတိထားမိတယ်၊ လူ6ယောက်လောက်လည့်ပတ်စောင့်နေတာကိုမြင်တော့ ငါတယောက်အားနဲ့တော့ရပင်မယ့် အိမ်ထဲမှာဘယ်နှစ်ယောက်လောက်ရှိတယ်ဆိုတာမသိရတော့ အိမ်ထဲဝင်ဖို့ကိုတွေးနေမိကာ

" Jeffမင်းငါ့ကိုတခုလောက်ကူညီပါဦး "

"ဘာဖြစ်လို့လဲ Bible "
Jeffကမေးတော့ အကျဉ်းချုပ်ငါ့ရှင်းပြလိုက်တော့

"Okay ငါတို့အဲ့အိမ်ဆီကိုအခုလိုက်လာခဲ့မယ်
မင်းတယောက်တည်းမလှုပ်ရှားနဲ့ဦး Bible "

"ငါကြောက်လို့မဝင်သေးတာမဟုတ်ပါဘူး အထဲမှာbuiရှိလားမရှိလားမသိသေးလို့ ငါစောင့်ကြည့်နေတာ၊ တော်ကြာငါအထဲဝင်သွားလို့ buiရှိနေရင် ဟိုကောင်သူ့ကိုတခုခုလုပ်လိုက်မှာဘဲကြောက်နေမိတာ၊ အဲ့မို့ မင်းPjoနဲ့JJတို့ကိုပါတခါထဲခေါ်ခဲ့လိုက် ငါအခြေအနေကြည့်ပြီးဘဲ ဝင်လိုက်တော့မယ် "

အထဲကိုခြံအနောက်ကနေဝင်ဖို့ဆုံးဖြတ်လိုက်တယ်၊ ထိုင်စောင့်နေတာထက် ဝင်သွားတာပိုကောင်းတယ် ၊ဟိုကောင်နဲ့တူတူရှိနေတာ ဘယ်လိုမှစိတ်မချနိုင်ဘူး၊

ငါ့ခြံထဲကိုရောက်တော့ အိမ်အနောက်ဘက်ကနေပတ်ကာအရှေ့ပေါက်ကိုတိတ်တိတ်လေးလာခဲ့လိုက်တယ်၊ ဘာလိုဆို့ နောက်တံခါးကပိတ်ထားလို့ဘဲ၊
အိမ်အကွယ်ကနေ အခြေအနေစောင့်ကြည့်နေပင်မယ့် အိမ်ထဲကနေ မီးအလင်းရောင်လဲမရှိသလို၊ လူရှိမယ့်အရိပ်ယောင်ကိုမတွေ့ရဘူး၊ ခြံစောင့်တွေကတော့ အိမ်ရဲ့ဘေးက အိမ်လေးထဲကဘဲထွက်လာတာကိုသတိထားမိတယ်၊ ပိုသေချာအောင် ဆက်စောင့်နေတုန်း

Heartbeat Where stories live. Discover now