Ep-12

187 19 1
                                    

Build Pov,

"Bui" ခေါ်သံကိုလှည့်ကြည့်တော့ blueဘဲ၊ ဒီရက်ပိုင်းသူbuiဆီခနခနဘာလို့လာနေတာလဲ၊

"ဟင် ဘာကိစ္စရှိလို့blueက "

"ကိစ္စရှိမှလာရမှာလား " သူကပြောတော့
သူနဲ့ငါကြားမှ ဘာမှပတ်သတ်စရာအကြောင်းမှမရှိတာ၊ပြီး‌ေတာ့သူရဲ့ပိုင်ဆိုးပိုင်နင်း‌ေခါ်တဲ့ပုံစံလဲမကြိုက်ဘူး၊ဘာလို့လဲမသိဘူး သူ့ကိုမြင်တိုင်းမွန်းကြပ်သလိုခံစားရတယ်။

"Buiက ခုပြန်တော့မလို့ သွားတော့မယ်နော် "
ငါပြန်ဖို့လုပ်တော့ လက်ကိုအတင်းဆွဲကာ

"နေပါဦးကွာ မောင့်ကို ဘယ်ချိန်ထိရှောင်ပြေးနေမှာလဲ ၊ ဟိုနေ့ကကျောင်းမှာတွေ့တော့လဲ မုန့်လိုက်ကျွေးတာတောင် လိုက်မစားဘဲ ပြန်သွားသေးတာ၊ ခုတော့မရဘူးနော် မောင်နဲ့လိုက်ခဲ့ရမယ် "
သူ့ကိုမကြိုက်တာအဲ့လိုအကျင့်တွေကြောင့်ဘဲ၊ သူရဲ့မောင့်လို့ပြောတဲ့အသံလဲမကြားချင်ဘူး။

"Buiရဲ့လက်ကိုလွှတ်နော် Blueကို buiစိတ်မဆိုးချင်ဘူး " ငါ့စိတ်တိုတဲ့ပုံစံနဲ့ပြောနေတဲ့ကြားကသူက ငါ့ကိုအတင်းဆွဲဖက်လိုက်တယ်။

"Buiရယ် မောင့်ကိုမရက်စက်ပါနဲ့တော့ ‌အဲ့တုန်းက...  "
သူ့ဘာလို့ ဝမ်းနည်းနေတဲ့ပုံပေါက်နေတာလဲ၊

"Buiမကြိုက်ဘူးလို့ buiကိုအရင်လွှတ်ပေးဦး ပြီးမှစကားဆက်ပြောမယ် " ငါ့သူ့ရင်ခွင်ထဲကအတင်းရုန်းဖို့ကြိုးစားကာပြောလိုက်တော့

"မလွှတ်နိုင်ဘူး လွှတ်ပေးလိုက်ရင် buiကထပ်ထွက်ပြေးနေဦးမှာလေ မောင်ဒီတခါ‌ေတာ့လုံးဝမလွှတ်ပေးနိုင်ဘူး၊ မောင့်ဒီထက်ပိုပြီးလဲ သည်းမခံနိုင်တော့ဘူး၊ buiရယ်မောင့်တို့အရင်လိုတူတူပြန်နေကြရအောင်နော်၊ ထပ်ပြီးမသိချင်ယောင်မဆောင်ပါနဲ့တော့ ၊မောင် မခံစားနိုင်တော့လို့ပါ၊ အဲ့တုန်းက.. "

သူဘာလို့မဟုတ်‌တာတွေဘဲလျှောက်ပြောနေတာလဲ ၊သူပြောတာတွေလဲငါတခုမှနားမလည်ဘူး၊ ငါနဲ့သူနဲ့ကသူငယ်ချင်းဘဲကို ၊ငါသူ့ပြောတာပြန်မဖြေဘဲအတင်းဘဲရုန်းနေတော့တယ်(ငါ့ကိုဒီလိုအတင်းအကြပ်လုပ်တာလောက် မုန်းတာမရှိဘူး)

Heartbeat जहाँ कहानियाँ रहती हैं। अभी खोजें