Ep-22

162 16 0
                                    

ရှေ့အပိုင်းအဆက်>>>>

Blue Pov
"မင်းရဲ့ကလေးထိန်းကို ငါတို့တွေ့ခဲ့တယ် အခု‌တလော ဘဲတပွေနဲ့အမြဲတပူပူးနဲ့ "

"သူ့အလုပ်ကကောင်မလား " blueကအရက်တခွက်ကိုမော့သောက်ကာ စိတ်မဝင်စားသလို ပြန်‌ပြောတော့

"မဟုတ်ဘူး ဒီတယောက်တော့မမြင်ဖူးဘူး ဟိုတခါမင်းနဲ့ရန်ဖြစ်တဲ့တယောက်တော့မဟုတ်တာသေချာတယ် ရည်းစားထင်တယ် "

"ဘာလို့အဲ့လိုထင်တာလဲ "

"မင်းလူက ရယ်မောပြောနေတာများပြောနေမနေနဲ့ ဟိုလူကမျက်လုံးတွေကလဲ ဝါးစားမတတ်ကြည့်နေတာလေ ရည်းစားမဟုတ်လို့ဘာလို့ထင်လဲ "

"ထားလိုက်စမ်းပါ အဲ့တာသူ့ကိစ္စ သူ့ကငါ့ကိုဝင်မပါနဲ့ပြောထားတာဘဲ ငါနဲ့အ‌ေနသားကြီးဘဲ "

"ဟုတ်လို့လား အဲ့ဆို အခုဘာလို့စိတ်တိုနေတာလဲ မင်းနဲ့မဆိုင်ဘူးဆို blueမင်းအဲ့လိုကြပ်ကြပ်လုပ် နောက်မှနောင်တမရနဲ့ "

"ဘာလို့ငါကနောင်တရမှာလဲ "

"မင်းအပိုင်လို့ထင်ထားတဲ့သူက နောက်ဆို မင်းမပိုင်တော့မယ့်အချိန်ရောက်မှ ငါပြောတာကိုမင်းနားလည်လိမ့်မယ် "

"သူကငါ့အပိုင်မှမဟုတ်တာ ငါ့ကိုလဲသူ့ကစိတ်ဝင်စားတာမှမဟုတ်တာ ဘာလို့ငါကနောင်တရမှာလဲ "

"အဲ့လိုမင်းရဲ့ အလိုက်မသိမှုတွေကြောင့်ဘဲ ထားလိုက်တော့ ငါပြောတာထပ် မင်းကိုယ်တိုင်မင်းစိတ်ကိုသိအောင်ကြိုးစား မင်းရဲ့ babysitter လေးရဲ့စိတ်ကိုလဲမြင်အောင်ကြည့် သူများနောက်ပါသွားမှလွှတ်တဲ့ငါးကြီးမနေနဲ့ "
         *******

"Bui အခြေအနေဘယ်လိုလဲ "

"ဘာကိုလဲ Jack"

"Nodtနဲ့လေ "

"အော် ဒီလိုပါဘဲ မကြာခနတော့သူနဲ့တွေ့ဖြစ်ပါတယ်ဘာလို့လဲ "

"အဲ့ဒါကိုသိတယ် သူ့အပေါ်မင်းဘယ်လိုသဘောထားလဲ "

"အမ် မသိဘူး သူကခင်ဖို့တော့ကောင်းပါတယ် ဒါမယ့် သူကိုစိတ်ဝင်စား‌တဲ့စိတ်တော့ခုထိမရှိသေးဘူး "

"အဲ့ဆို ဘာလို့သူနဲ့ဆက်တွေ့နေသေးလဲ အဲ့နေ့ကတည်းကငြင်းလိုက်တာမဟုတ်ဘူး Nodtကလဲငါ့သူငယ်ချင်းဆိုတော့ ငါမျက်နှာမပျက်ချင်ဘူးနော် "

Heartbeat Where stories live. Discover now