Ep-3

293 22 0
                                    

Bible Pov

"ဟ မင်းအထုပ်ဘဲမင်းဘာသာကောက်ပေါ့ ...ကျစ်"
အလျင်လိုပါတယ်ဆိုနေမှ ကပ်သီးကပ်သဲ့နဲ့လာတွေ့နေသေး ကူကောက်ပေးတာဘဲအေးမယ် မဟုတ်ရင် နှုတ်ခမ်းတထော်ထော်နဲ့ ပြန်ရစ်နေဦးမယ်

"ကြည့် တူတူကောက်တော့အမြန်မပြီးဘူးလား ဒေါသလေးတထစ်လောက်လျော့လိုက် အကုန်ပြေလည်သွားရော စိတ်တိုတာများရင် ရုပ်ရင့်တတ်တယ်"
ဘယ်လိုလေးတုန်း ငါများမကြောက်ဘဲ တရားလာဟောနေသေး လူပုံစံက ကလေးလိုလိုခွေးလိုလိုနဲ့ ငါ့ထက်ငယ်မယ့်ပုံနဲ့ဆရာလာလုပ်နေသေးတယ်

"အပိုတွေမပြောနဲ့ ကိုယ့်အထုပ်ကိုယူပြီး ဖယ်တော့ ကားထွက်မလို့"
ပေတေတေနဲ့ မဖယ်ဘဲ နှုတ်ခမ်းဆူပြီး ရပ်နေတဲ့သူ့ကိုဖယ်ခိုင်းလိုက်တော့တယ် မဟုတ်ရင် အစည်းအဝေးလဲမှီမှာမဟုတ်ဘူး ကျောင်းက project အတွက်လိုတာလာဝယ်ပါတယ်ဆိုမှ ခုတော့နောက်ကျပြီ Pmileတော့ငါ့ကိုဆူတော့မှာဘဲ

"ဖြေးဖြေးပြောပါ ဖယ်ပေးမှာပေါ့ နောက်ခါအဲ့လိုလူနဲ့မတွေ့ပါရစေနဲ့ ကြိုက်နေတဲ့idolမြင်ရင်တောင်သူကိုမှတ်မိနေပြီး မုန်းသွားနိုင်တယ် မဖြစ်ဘူး daddyကိုတော့မုန်းသွားလို့မဟုတ်ဘူး အဲ့လူကိုဘဲ...."

ပါးစပ်ကတတွတ်တွတ်နဲ့ပွစိပွစိပြောပြီး အထုပ်တွေအများကြီးနဲ့လေးတိလေးကန်သွားနေတဲ့သူကိုကြည့်ပြီးခေါင်းဘဲခါမိလိုက်တယ် လူငယ်စတိုင်ဝတ်ထားပြီးဆံပင်ကလဲကြွက်မြှီးကေနဲ့ဆိုတော့ သေချာပေါက် uni student ဘဲနေမယ် ကျောင်းမသွားဘဲလျှောက်သွားနေတာ ငါတို့လို project တွေဘာ‌ေတွမလုပ်ရတဲ့majorကဘဲထင်တယ် ငါလဲငါ့ဝါသနာနဲ့မို့သာ ဒီmajorယူရတာ အားတဲ့အချိန်ကိုမရှိဘူး ကျောင်းပိတ်ရင်လဲ Pjo gyms မှာလဲဝင် trainပေးနေရသေးတယ်

"Jeff ငါရောက်ပြီ"
အတွေးတွေနယ်ချဲ့နေတာနဲ့ကျောင်းရောက်တာတောင်မေ့နေပြီ

"Bible မင်းကွာပေါ်လာသေးတယ်နော် "
ထင်တဲ့အတိုင်းဘဲ jeffတို့စပွားပါပြီ

"ငါ accident တခုဖြစ်ခဲ့လို့ပါကွာ"
လက်ထဲကအထုပ်တွေချပြီ ပြန်ဖြေလိုက်တော့တယ် ကူမသယ်ပေးဘဲ ဩဇာညောင်းနေတဲ့broကတော့ junior လေးတွေနဲ့ပြန်လေပေါနေပြန်တော့တယ်

Heartbeat Where stories live. Discover now