Ep-23

168 19 0
                                    

Bible Pov

"PTONG ကဒါတွေအားလုံးဘာလို့သိနေတာလဲ "

"ဘာလို့ဆို buiရဲ့diaryကနေသိရတာလေ "

"ပြီးတော့  Pကဘာလို့အလုံးစုံသိနေတာလဲ ဘယ်လောက်ဘဲ diaryကနေသိသိပေါ့ buiရဲ့အကြောင်းကို buiထက်ပိုသိနေတယ်လို့ဘာလို့ခံစားရတာလဲ "

"ဘာလို့ဆို သူ့သူငယ်ချင်း jack က ငါ့ညီအရင်းလေ
Buiကလဲ ငါ့လက်ပေါ်မှာကြီးပြင်းလာတော့ ငါ့ညီလေးဆိုလဲမမှားဘူးလေ "

"အော် အဲ့တာမို့ Pက buiကိုအရမ်းတိုနေတာကိုး"

"သိရင်ပြီးတာဘဲ buiကိုပစ်ထားကြည့် တွေ့မယ် "

"ဒါမယ့် မရှင်းတာကနေ Nodtဆိုတဲ့တယောက်နဲ့buiကဘာတွေလဲ "

"အင်း သူနဲ့ကရည်းစားတော့မဖြစ်ခဲ့ဘူး buiကblueနဲ့ရည်းစားမဖြစ်ခင်ကတည်းက Nodtကိုငြင်းခဲ့တာမို့လို့လေ၊ မင်းရှေ့မှာပြောရတာအားနာပင်မယ့် buiက blueကိုအရမ်းချစ်ခဲ့တာ "

ဒီစကားကိုကြားတော့ ငါအရမ်းဝမ်းနည်းပင်မယ့် ဟန်မပျက်ထိန်းထားဆဲ ဘာလို့ဆို Pဆီကနေ ငါသိချင်တဲ့အကြောင်းအရာမရောက်သေးလို့ဘဲ

"ဒါနဲ့ buiအတိတ်မေ့ရတဲ့အကြောင်းကကော "

"ဟူးး အဲ့တာကို ပြောပြဖို့ ငါအခုအဆင်မပြေသေးဘူး Bible "

"ဘာလို့လဲ P " ငါမေးလိုက်တော့ Pကမျက်နှာတချက်ပျက်ကာ ဝမ်းနည်းရိပ်တွေ သူ့မျက်နှာမှာပေါ်နေတယ်။ သူ့ပုံစံကအဆင်မပြေတဲ့ပုံမြင်နေရတာမို့လို့ ငါဆက်မမေးတော့ဘူး။

"ရပါတယ် Pအဆင်ပြေတဲ့ချိန်မှ ပြောပါ ကျွန်တော်စောင့်နိုင်ပါတယ် " ငါတို့ပြောပြီး ဆိုင်ထဲကထွက်လာကြ‌တယ်၊ Pကိုနှုတ်ဆက်ပြီးbuiဆီပြန်ဖို့အလုပ် လက်ကိုလှမ်းဆွဲလာတဲ့Pကြောင့်

"Buiကိုဒီထက်ပိုဂရုစိုက်ပေးပါနော် buiကအတိတ်မှာတအားနာကျင်ခဲ့ရတာမလို့ သူ့အတိတ်မှာ blueကိုအရမ်းချစ်ခဲ့တယ်ဆိုပင်မယ့် အခုလက်ရှိမှာ မင်းကို သူချစ်နေတာကိုတော့ သတိရစေချင်တယ် သူရဲ့အတိတ်ကိုတော့ထည့်မတွက်ဘဲ ဆက်ချစ်ပေးပါနော် ဒီတခုတော့ Pတောင်းဆိုပါရစေ "

Pကလေးလေးနက်နက်တောင်းဆိုလာတာမြင်တော့ ငါခံစားချက်တွေပိုသေချာလာတယ် ဘာတွေဘဲဖြစ်ခဲ့ buiကိုချစ်တဲ့ငါ့အချစ်တွေက လျော့သွားမှာမဟုတ်ဘူးဆိုတာ...

Heartbeat Where stories live. Discover now