Ep-26

181 15 0
                                    

Bible POv

Buiမေ့နေတာ၂ပတ်ရှိပြီ ၊ခုထိသတိမရသေးဘူး၊
ဒါမယ့် သူကိုငါအတတ်နိုင်ဆုံးဘေးမှာစောင့်ရှောက်ပေးနေဆဲ

"Buiရယ် အမြန်ဆုံးသတိပြန်ရပါတော့နော် ကို လွမ်းလှပြီ "
သူ့ရဲ့လက်ဖဝါးနုနုလေးကိုကိုင်ကာ ငါ့ပါး၌အပ်ကာ

"Bui အစားကို သာဖြစ်လိုက်ချင်တော့တယ် "
သူရဲ့လက်လေးအားအနမ်းလေးကြွေလိုက်တော့တယ်။

"Bible ရယ် နားနားနေနေနေပါဦး ငါတို့စောင်‌့ပေးမယ်ဆိုလဲမဟုတ်ပြန်ဘူး "
Ptong ရဲ့စကားကြားပင်မယ့် ပြန်မပြောမိ

"လွှတ်ထားလိုက်ပါ ဒီကောင်ကသန်ပါတယ် ဒီလောက်နဲ့မသေနိုင်ပါဘူး " pongကပြောကာ ptong လက်ကိုဆုပ်ကိုင်ဆဲ

"အမယ် မင်းတို့ကဘယ်တုန်းကပြန်တည့်သွားတာလဲ ပြောတော့ပြတ်မယ်လေးဘာလေး"
Jeffကအချွှန်းဖောက်လိုက်တော့ Ptong က

"ခနဘဲစိတ်ဆိုးတာပါ ဘယ်သူ့ကပြတ်မယ်ပြောလို့လဲ "

"ဟုတ်တယ် ငါ့tong tongနဲ့ခွဲပြီး၁စက္ကန့်တောင်မနေနိုင်ဘူးနော်၊  ယုံနော် tong tong " pongကပြောလိုက်တော့ jeffက

"အော့ အန်ချင်လိုက်တာ ငါ့ရည်းစားရတဲ့တနေ့မင်းတို့ဝဋ်လည်မယ်မှတ်..."

"အဲ့နေ့ရှိလာမယ်မထင် ..." Usပါဝင်စတော့ JjကUsလက်ကိုဆွဲကာ‌မစဖို့တားတယ်။

"ဘာဖြစ်လဲ စ‌တာကိုးး " စိတ်ကောက်သွားတဲ့Usကိုလိုက်ချော့ရတော့မယ့် jjအဖြစ်။

"Buiရေ မင်းနေမကောင်းတာတောင် ပျော်ပွဲရွှင်ပွဲထင်နေလားမသိဘူး တယောက်တမျိုးနဲ့ "
Poကဝင်ပြောတော့မှ အကုန်လုံးငါ့ကိုသတိရတော့တယ်၊ ငါကတော့ buiရဲ့ကုတင်ပေးမှာ ငုတ်တုတ်လေးထိုင်ကာ ချစ်ရသူ‌ကိုငေးနေဆဲ

"Bui...Pတို့ Buiသတိရလာပြီထင်တယ် "

"Bible ရူးသွားပြီလား " jeffကပြောလိုက်ပင်မယ့် Ptongက

"နေစမ်းပါ နောက်မနေနဲ့ ငါ့ကလေးတကယ်နိုးလာတာဖြစ်နိုင်တယ် Bible ဘာလို့အဲ့လိုထင်တာလဲ ပြောစမ်းပါဦး "

"သူ့လက်ကလေးလှုပ်သွားတာသတိထားမိတယ်"

"အဲ့ဆို doctor ကိုသွားခေါ်ကြ "
Ptong ပြောမှ အကုန်လုံးပြာယာခက်ကာ လှုပ်လှုပ်ရွရွဖြစ် ကြတော့တယ်။

Heartbeat Waar verhalen tot leven komen. Ontdek het nu