အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Začít od začátku
                                    

   

တော်ပါသေးရဲ့ အသက်ရှင်နေသေးတယ်...

ရွှယ်ယန်က ရှေ့တိုးသွားပြီး အောက်သို့တဖြည်းဖြည်းမြုပ်နေသော ကျွင်းဟွိုင်လန်၏ခန္ဓာကိုယ်ကို ရင်ခွင်ထဲထည့်ထားလိုက်သည်။

   

ယခုလက်ရှိအချိန်တွင် ကျွင်းဟွိုင်လန်၏တစ်ကိုယ်လုံးမှာ ထိုက်ယဲ့ရေကန်၏ ရေခဲတမျှအေးနေသောရေများကြောင့် အလွန်အမင်း အေးစက်နေပြီဖြစ်သည်။

ရွှယ်ယန် အံကြိတ်ထားပြီး သူ့တစ်ကိုယ်လုံးတုန်ယင်လာကာ မျက်လုံးများလည်း နီရဲလာသည်။

ကျွင်းဟွိုင်လန်က သူကိုယ်တိုင် အသက်ရှုနိုင်စွမ်းမရှိတော့ပေ။ ရွှယ်ယန် သူ့ကိုဆွဲခေါ်သွားချိန်တွင်  သူ့ပါးစပ်မှ ပူစီဖောင်းများထွက်လာပြီး ရေထဲတွင် ချောင်းများဆိုးနေသည်။

ရွှယ်ယန်၏စိတ်ထဲတွင် ဘာမှမစဉ်းစားနိုင်ဖြစ်သွားသည်။ ကျွင်းဟွိုင်လန်ကို လက်တစ်ဖက်ဖြင့် သူ့ဘက်ကိုဆွဲကပ်ထားပြီး အခြားလက်တစ်ဖက်က မေးစေ့ကိုကိုင်ထားကာ ရှေ့သို့တိုးလာပြီး သူ့ဆီမှ နွေးထွေးသောလေများကို ကျွင်းဟွိုင်လန်ဆီသို့ ရောက်အောင် နှုတ်ခမ်းချင်းထိပြီး ထည့်ပေးလိုက်သည်။

   

နှုတ်ခမ်းချင်းထိကပ်သွားချိန်တွင် ကျွင်းဟွိုင်လန်၏ နူးညံ့သောနှုတ်ခမ်းလေးက အေးစက်နေပြီဖြစ်သည်။

အချိန်အနည်းငယ်ကြာပါက သူ့ရှေ့မှလူက အချိန်မရွေးပျောက်ကွယ်သွားနိုင်သောကြောင့် ရွှယ်ယန်က အခြားကိစ္စများကို မတွေးနိုင်တော့ပေ။ ကျွင်းဟွိုင်လန်၏ မေးစေ့ကိုကိုင်ပြီး နှုတ်ခမ်းများကို နောက်တစ်ကြိမ်ဖိကပ်ကာ အသက်ရှုရလွယ်အောင် ပြုလုပ်ပေးလိုက်ပြီးနောက် ရေကူးလာခဲ့သည်။

ကံကောင်းသည်မှာ ရွှယ်ယန်က ရေကူးကျွမ်းကျင်သူဖြစ်၍ ခဏအကြာတွင် ကျွင်းဟွိုင်လန်ကို ရေမျက်နှာပြင်ပေါ်အထိရောက်အောင် ခေါ်လာနိုင်ခဲ့သည်။

သူက ရေထဲတွင်လည်း အေးဆေးနေနိုင်သူတစ်ယောက်ဖြစ်သော်လည်း ယနေ့ကဲ့သို့ တစ်ခါမှ အစွမ်းကုန် မကြိုးစားခဲ့ဖူးပေ။  ပို၍ ဝေးဝေးမသွားနိုင်ကာ အားအင်ကုန်ခမ်းလာသည့်အတွက် သူ့ကိုယ်သူ မုန်းတီးလာခဲ့သည်။ ကန်ရေပြင်ပေါ်သို့ရောက်သည့်အခါ ရေကူးလာသောလက်တစ်ဖက်က နာကျင်ကိုက်ခဲနေပြီဖြစ်သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Kde žijí příběhy. Začni objevovat