၈၆၆ - ၈၇၀

Start from the beginning
                                    

      “ဒီလိုဆို ပထမရတဲ့လူက အဆင့်နိမ့်မူလကျောက်တုံးသောင်းချီရရမယ်လို့ဆိုလိုတာလား"
    ထိုအကြောင်းတွေးမိချိန်၌   သွမ့်လင်းထျန်၏ နှလုံးသားထဲ ပထမဖြစ်ချင်လာသည်။

    ထိုစဉ်အတောအတွင်း ကျန်းရှောက်ရုံ၊ ကျီရှန့်နှင့် ပိုင်ဟဲတို့သည် မူလကျောက်တုံးများပါ၀င်သည့် ကွက်လပ်လက်စွပ်များကို အသီးသီးလက်ခံပြီးနောက် သူတို့ထိုင်သည့် ပထမတန်းစားပွဲကြည့်နေရာများကို ပြန်လာလိုက်ကြသည်။

       သူတို့သည် တခြားသူများနှင့်အတူ အဝေး‌ကောင်းကင်တွင်ရှိနေသည့် နောက်ဆုံးပါရမီရှင်သုံး‌ယောက်ကို ကြည့်လိုက်ကြသည်။

       ခရမ်းရောင်အ၀တ်အစား၀တ်လူရွယ်တစ်ယောက်နှင့် အဖြူရောင်အ၀တ်အစား၀တ် လူရွယ်နှစ်ယောက်….

      လေပြင်းတစ်ခုတိုက်ခတ်သွားပြီး သူတို့သုံးယောက်၏ အ၀တ်အစားများလူးလွန့်သွားသည်။

      တိုက်ပွဲနီးနေပြီ...

     “အခုမင်းတို့သုံးယောက်က  ဒီနေ့သိုင်းပြိုင်ပွဲရဲ့ ထိပ်တန်းအဆင့်သုံးဆင့်ကို လုရမယ်"
     အဘိုးအိုသည်  သွမ့်လင်းထျန်နှင့် အခြားသူများကို ဖြည်းလေးစွာပြောလိုက်သည်။
     သူတို့သုံးယောက်သည် ထိပ်တန်းနေရာသုံးခုအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တစ်နည်းဆိုရပါက သူတို့ထဲက မည်သူမဆို တိုက်ပွဲနှစ်ပွဲရင်ဆိုင်ရမည်ဖြစ်ပြီး အားလုံးပေါင်းတိုက်ပွဲသုံးပွဲဖြစ်သည်။
     နောက်ဆုံးအဆင့်များကို ဆုံးဖြတ်ဖို့အတွက် တိုက်ပွဲသုံးပွဲသာ လိုအပ်သည်။

    အဘိုးအိုစကားပြောလိုက်ခြင်းနှင့်အတူ လှောင်အိမ်တိုက်ပွဲကွင်းထဲက ဆူညံသံများသည် တဖြည်းဖြည်းတိုးတိမ်ပျောက်ကွယ်သွားသည်။

     လှောင်အိမ်တိုက်ပွဲကွင်းတစ်ခုလုံး တဖြည်းဖြည်းတည်ငြိမ်လာသည်။

    ဝှစ်…

     ပုံရိပ်တစ်ခုသည် အရင်ပျံသန်းထွက်လာပြီးနောက် လှောင်အိမ်တိုက်ပွဲကွင်း၏ အလယ်တွင် ရပ်လိုက်သည်။ ၎င်းမှာ အဖြူရောင်အ၀တ်အစားနှင့် လူရွယ်ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now