၄၂၁ - ၄၂၅

Start from the beginning
                                    

       အသက် လေးရှိုက်ကုန်လွန်သွားပြီဖြစ်သည်။

       ကျွယ်ချင်းသည် အရာရာကို ကြိုသိနေသည့်ပမာ ခရမ်းရောင်မျောက်ဝံ၏ တိုက်ခိုက်မှုကို ရှောင်တိမ်း၍ သူ၏ လည်ပင်းကို အဆက်မပြတ်ကန်နေသည်။

     သွမ့်လင်းထျန်မှလွဲ၍ လူတိုင်းကြက်သေသေနေကြသည်။
     လှောင်အိမ်ထဲမှ အတွင်းစည်းတပည့်များ အပါအ၀င်ဖြစ်သည်။

    “အသက်ဆယ်ရှိုက်ကုန်လွန်သွားပြီ"
     သွမ့်လင်းထျန်သည် မူလစွမ်းအင်ကို အသံအဖြစ် သိပ်သည်း၍ အတွင်းစည်းတပည့်၏ နားထဲပို့လွှတ်လိုက်မှသာ အတွင်းစည်းတပည့် သတိပြန်၀င်လာကြသည်။
     ထို့နောက် အတွင်းစည်းတပည့်၏ ခန္ဓာကိုယ်လှုပ်ခတ်သွားပြီး ခရမ်းရောင်မျောက်ဝံကို ရပ်တန့်လိုက်သည်။
     “ကျွယ်ချင်းက အသက်ဆယ်ရှိုက်ကျော် တောင့်ခံနိုင်ခဲ့တယ်…သူအတွင်းစည်းတပည့်စမ်းသပ်မှုကို အောင်မြင်သွားပြီ"
   

     “ဟုတ်ပြီကွ"
    ကျွယ်ချင်း ခရမ်းရောင်မျောက်ဝံ၏ ပခုံးပေါ်မှ ဆင်းလိုက်သည်။ သူမ၏ လှပသော မျက်နှာသည် ပန်းဆီရောင်သန်းနေပြီး လှပသေ‌သပ်စွာဖြင့် လှောင်အိမ်ထဲမှ ထွက်လာခဲ့သည်။

     “ကျွယ်ချင်းက အတွင်းစည်းတပည့်စမ်းသပ်မှုကိုဖြတ်ကျော်ပြီး အတွင်းစည်းတပည့်တစ်ယောက်ဖြစ်သွားပြီ"
      ထိုအချိန်၌ စမ်းသပ်အကြီးအကဲ၏ အသံထွက်ပေါ်လာသည်။

      လူတိုင်းအံ့ဩတုန်လှုပ်မှုမှ သတိပြန်၀င်လာကြသည်။

      “ဘုရားရေ…မယုံနိုင်စရာပဲ"

      “တကယ်ကို အံ့ဩဖို့ ကောင်းလိုက်တာကွာ"

     “စီနီယာအစ်မကျွယ်ချင်းက စမ်းသပ်မှုကို ဒီလိုဖြတ်ကျော်သွားတာလား"

     “ဘာလို့ ခရမ်းရောင်မျောက်ဝံက တမင်တကာ သူခုန်ချရမဲ့ဘက်ကိုသွားရတယ်လို့ ငါခံစားနေရတယ်"

     “ငါလည်း အဲလိုပဲခံစားရတယ်"

     “ဟန့်…ခရမ်းရောင်မျောက်ဝံက စီနီယာအစ်မကျွယ်ချင်းကို အရမ်းဒေါသထွက်‌နေတယ်ဆိုတာ မမြင်ဘူးလား"
      အပြင်စည်းတပည့်များအားလုံး ဆွေးနွေးနေကြသည်။
  
    မကြာခင်၌ အတွင်းစည်းတပည့်၏ လက်အောက်ကျရောက်နေသော ခရမ်းရောင်မျောက်ဝံသည် ကျွယ်ချင်းအား ကြည့်၍ ဒေါသတကြီးအော်ဟစ်နေကြောင်း လူတိုင်းမြင်တွေ့လိုက်ရသည်။ သူသည် သူ၏ ရင်ဘတ်အား အားနှင့်မာန်နှင့် လွှဲယမ်းကာ တဘုန်းဘုန်းနှင့် ထုနေသည်။
       သူ၏ နှလုံးသားထဲ၌ ဒေါသမီးလျှံများတောက်လောင်ကျွမ်းနေသကဲ့သို့ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now