၄၂၁ - ၄၂၅

Start from the beginning
                                    

     “ဆက်ကြည့်ပါ…မင်းနောက်ကျရင် သိလိမ့်မယ်"
     သွမ့်လင်းထျန် နှုတ်ခမ်းတွန့်ရုံသာ ပြုံးလိုက်သည်။

    လှောင်အိမ်ထဲ၌ ကျွယ်ချင်းသည် ခရမ်းရောင်မျောက်ဝံ၏ ပခုံးပေါ် ခုန်တက်လိုက်ပြီးနောက် ခရမ်းရောင်မျောက်ဝံ၏ လည်ပင်းကို ပစ်ကန်လိုက်သည်။

     ခရမ်းရောင်မျောက်ဝံ၏ ခွန်အားမှာ အလွန်သန်မာပြီး လျင်မြန်သည်။ သို့သော်လည်း ကျွယ်ချင်းသည် သူ၏ ခေါင်းပေါ်ရောက်ရှိနေသောကြောင့် ကျွယ်ချင်း၏ ကန်ချက်ကို ရှောင်တိမ်းနိုင်ခြင်းမရှိပေ။

     “အာဝူး"
      ခရမ်းရောင်မျောက်ဝံ နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီးနောက် သူ၏ မျက်လုံးများ မီး၀င်း၀င်းတောက်သွားသည်။ ထို့နောက် ဘေးသို့ပြေးထွက်ရင်း သူ၏ လက်ကိုဆန့်ထုတ်ကာ မြှောက်၍ ကျွယ်ချင်းကို ဆုပ်ကိုင်လိုက်သည်။

      ကျွယ်ချင်းသည် ခရမ်းရောင်မျောက်ဝံ ထိုကဲ့သို့ လှုပ်ရှားမည်ကို ကြိုတင်သိထားသည့်ပမာ ခုန်ထွက်၍ ခရမ်းရောင်မျောက်ဝံ၏ လက်များကို ရှောင်တိမ်းလိုက်သည်။
     ထူးဆန်းသည်မှာ ခရမ်းရောင်မျောက်ဝံ ပြေးထွက်‌သွားသည့်နေရာသည် ကျွယ်ချင်း ပြန်ဆင်းလာသည့်နေရာဖြစ်သည်။ ထို့ကြောင့် ကျွယ်ချင်းသည် ခရမ်းရောင်မျောက်ဝံ၏ ပုခုံးပေါ်သို့သာ ပြန်ကျလာသည်။
    ခရမ်းရောင်မျောက်ဝံတဖန် အကန်ခံလိုက်ရသည်။

     “ဒါက…"
      အခြားသူများ၏ မျက်လုံးများထဲ၌ ကျွယ်ချင်းနှင့် ခရမ်းရောင်မျောက်ဝံ ဇာတ်တိုက်ထားသလိုဖြစ်သည်။   

      အသက်နှစ်ရှိုက်ကုန်လွန်သွားပြီဖြစ်၏။

      “ဝူး"
    ခရမ်းရောင်မျောက်ဝံအပေါ်ကို လက်ဖြင့် ကုတ်ဆွဲကာ အခြားဘက်သို့ ပြေးသွားလိုက်ပြန်သည်။

     ကျွယ်ချင်း ရှောင်တိမ်း ခုန်ထွက်လိုက်သည်။ သို့သော်လည်း သူမ မျောက်ဝံ၏ ပုခုံးပေါ်သာ ပြန်ကျလာသည်။
      ကျွယ်ချင်းသည် ခရမ်းရောင်မျောက်ဝံ၏ ခန္ဓာကိုယ်ပေါ်၌ တဖန်မြဲမြံစွာ ရပ်လိုက်သည်။

      ဝှစ်…

    မူလစွမ်းအင်များပါ၀င်သည့် ကန်ချက်သည် ခရမ်းရောင်မျောက်ဝံ၏ လည်ပင်းပေါ်သို့ တဖန်ကျရောက်လာရာ ခရမ်းရောင်မျောက်ဝံ၏ ဦးခေါင်းတုန်ခါသွားပြီး အလွန်နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now