အပိုင်း ၂၆ - ၃၀

Start from the beginning
                                    

   “မိုးကြိုးမီးလျှံဆေးလုံး"
    သွမ့်လင်းထျန်သည် စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း ခပ်ဖြည်းဖြည်းပြောလိုက်သည်။
    
     “ကလေး... မိုးကြိုးမီးလျှံဆေးလုံးဆိုတာက ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ဆေးအမျိုးအစား ဖြစ်ပေမယ့် တန်ဖိုးကြီးပြီး ရှားပါးတယ်၊ ငါ မိုးကြိုးမီးလျှံဆေးလုံးဆိုတာကို ကြားပဲ ကြားဖူးတာ၊  ငါ့မှာ အဲ့ဒီဆေးဖော်မြူလာမရှိဘူး"
     လီဟော်၏ မျက်နှာမှာ တခဏမျှ ညှိုးကျသွားပြီးနောက် ခါးသက်သက် ရယ်လိုက်သည်။
     
     “ဂရန်းအကြီးအကဲ၊ ကျွန်တော် အကြီးအကဲကို ဆေးဖော်မြူလာ ပေးမယ်ဆိုရင်ကော အကြီးအကဲ သန့်စင်နိုင်လောက်မယ်မလား"
    သွမ့်လင်းထျန်သည် လီဟော်ပြောတာကို ဘာမျှမတုံ့ပြန်ဘဲ ပြုံးပြုံးဖြင့်သာ ပြန်မေးလိုက်သည်။

    “မင်းက... မင်းက ငါ့ကို ဆေးဖော်မြူလာပေးမယ်လို့ ပြောနေတာလား?"
     လီဟော်၏ အသက်ရှုသံများ ပြင်းထန်လာလေသည်။

     မှော်ဆေးပညာရှင်တစ်ယောက်အနေဖြင့် ဆေးလုံးအမျိုးအစားများစွာကို သန့်စင်နိုင်မည့် အခွင့်အရေးကိုသာ သူအလိုချင်ဆုံးဖြစ်သည်။ သို့မှသာ သူသည် အတွေ့အကြုံများ ရရှိနိုင်လိမ့်မည် ဖြစ်ပြီး သူ၏ ဆေးလုံးသန့်စင်သည့် စွမ်းရည်လည်း တိုးတက်လာနိုင်မည် ဖြစ်သည်။
   သူသည် အဆင့်ကိုး မှော်ဆေးပညာရှင်ဖြစ်သော်လည်း သူ သန့်စင်နိုင်သော ဆေးလုံးအမျိုးအစား အရေအတွက်မှာ နည်းပါးလွန်းပေသည်။
   
     “ဟုတ်ပါတယ်"
    သွမ့်လင်းထျန်က ခေါင်းညိတ်လိုက်သည်။
   
    “မင်းရဲ့ဆရာကကော မိုးကြိုးမီးလျှံ ဆေးဖော်မြူလာကို  ငါ့ကို ပေးဖို့ ခွင့်ပြုလို့လား?"
     လီဟော် သက်ပြင်းရှိုက်ချလိုက်ကာ မေးလိုက်သည်။
   
     “ကျွန်တော့်ဆရာပြောတာတော့ ဆေးဖော်မြူလာတွေက မင်းအပိုင်တဲ့...  မင်းကြိုက်သလို စီမံနိုင်တယ်လို့ ပြောခဲ့တယ်၊ နောက်ပြီးတော့လည်း မိုးကြိုးမီးလျှံ‌ဆေးလုံးက တကယ်တမ်း မရှားပါဘူး၊ တိမ်ကုန်းမြေတိုက်ကြီးထဲမှာ အဲဒါကို ဘယ်လိုသန့်စင်ရသလဲဆိုတာကို သိတဲ့လူတွေ  အများကြီး ရှိတယ်"
     သွမ့်လင်းထျန်က ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now