Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Start from the beginning
                                    

2. Walden - လက်တွေ့သဘာဝအကောင်းမြင်ဝါဒီသမား (transcendentalist) တစ်ယောက်ဖြစ်တဲ့ အမေရိကန်စာရေးဆရာ Henry David Thoreau ရဲ့ စာအုပ်ဖြစ်ပါတယ်။ 1854 ခုနှစ်မှာ "Walden; or, Life in the Woods" (Walden... သို့မဟုတ် တောအုပ်ထဲက ဘဝ) ဆိုတဲ့နာမည်နဲ့ ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ သဘာဝအတိုင်းရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရိုးရိုးရှင်းရှင်း နေထိုင်နေတဲ့ စာရေးသူရဲ့ အတွေ့အကြုံကို ခံစားသုံးသပ်ပြထားတဲ့စာပေပါပဲ]

ဤကိစ္စဖြစ်ပေါ်လာချိန်မျိုးတွင် မျိုးနွယ်စုခေါင်းဆောင်၏ ကျိုင်းတံနှင့် လူအရိုးများကား မျိုးနွယ်စုအခြေချရာပတ်လည်တွင် တိတ်ဆိတ်စွာလောင်ကျွမ်းထွန်းလင်းလျက် နေ့ညမပြတ် မည်သည့်အခါမျှ ချုပ်ငြိမ်းသွားခြင်းမရှိဘဲ - ထိုအရာများမှာ တံခါးအစောင့်တို့၏ ပေါင်တံရိုးများဖြစ်သည်ဟု ဆိုကြပေသည်။

ချူဟွမ်တစ်ယောက် ရွှေတွင်း၊ ကျောက်စိမ်းတွင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းကြသော ထိုသူတို့သည် လူသားရတနာတွင်းများကို ထိန်းသိမ်းစောင့်ရှောက်နေကြသည့် လီယီမျိုးနွယ်စုနှင့် ယှဉ်လိုက်လျှင် အမှန်တကယ်ကို အားနည်းလွန်းလှသည်ဟု ခံစားမိချေ၏။

ယခုအခါဝယ် ချူဟွမ်ကား "တံခါးအစောင့်"ဟူသော စကားလုံးကို အတော်လေး 'ခံနိုင်ရည်ရှိ'နေပြီဖြစ်ကာ - ၄င်းတို့၏ ခန္ဓာကိုယ်မှ မည်သည့်အစိတ်အပိုင်းတွင်မဆို ထူးခြားဆန်းကြယ်လှသော အစွမ်းသတ္တိများရှိနေမည်ဟု မျှော်လင့်ထား၍ရနိုင်သည်သာ။

အကယ်၍ တစ်စုံတစ်ဦးက အနှီတံခါးအစောင့်တို့သည် မိဘဟူ၍မရှိဘဲ ဆဲလ်အပြည့်ကွဲပွားခြင်း*နည်းဖြင့် မွေးဖွားလာကြခြင်းဖြစ်ကြောင်း ပြောလာခဲ့လျှင်ပင် သူ့အနေဖြင့် လက်သင့်ခံနိုင်မည်ဟု ခံစားမိပါ၏။
[ဆဲလ်အပြည့်ကွဲပွားခြင်း (mitosis) - ဆဲလ်တစ်လုံးတည်းကနေ မူရင်းဆဲလ်နဲ့ chromosome အရေအတွက်တူညီတဲ့ ဆဲလ်နှစ်လုံးအဖြစ် ကွဲထွက်သွားတဲ့ ဖြစ်စဉ်ပါ။ Bio သမားတွေဆို သိလောက်မယ်ထင်ပါတယ်။ အသေးစိတ်ပိုသိချင်ရင်တော့ ကွကိုယ် ဂလူးဂလူးခေါက်လိုက်ကြပါရှင် (^_^)]

ထိုကိစ္စနှင့်ပတ်သက်၍ မသိသေးသော ချူဟွမ်မှာ သူ့ခန့်မှန်းချက်သည် စင်စစ်အားဖြင့် မှန်ကန်နေကြောင်း မသိသေးသည်မှာလည်း သေချာပေါက်ပင်။

You've reached the end of published parts.

⏰ Last updated: Nov 17, 2023 ⏰

Add this story to your Library to get notified about new parts!

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now