Chapter-19: ဤကမ္ဘာ ( ဤကမာၻ )

305 80 19
                                    

(Uni)

နှလုံးသားမှာ ဝါဂွမ်းလေးလက်တစ်ဆုပ်စာနှယ် ဖြစ်သွားလေပြီ

သည်အသက်အရွယ်အထိ ချူဟွမ်မှာ သူသည် "ပြဿနာအိုး"တစ်ယောက်၏ ကံကြမ္မာဖြင့် မွေးဖွားလာသူဖြစ်ကြောင်းကို မသိခဲ့ရဘဲ - သူ့အနေဖြင့် ဘာမျှလည်းမပြောမိပါဘဲ၊ ဘာမျှလည်းမလုပ်ရပါဘဲနှင့် အစအဆုံး ဘေးမှသာရပ်ကြည့်နေခဲ့သော ပွဲကြည့်ပရိသတ်ကလေးတစ်ယောက်သာဖြစ်ခဲ့ပါသည်။ သို့ရာတွင် မထင်မှတ်ဘဲ သူ့အတွက်ကြောင့် မျိုးနွယ်စုနှစ်ခု မသင့်မမြတ်ဖြစ်ရလုနီးနီး ဖြစ်သွားချေ၏။

သူတို့သုံးယောက်မှာ ရှေးဦးစွာ နန်ရှန်း သူ့ကိုလာကြိုခဲ့သော ခရိုင်မြို့သို့ ရောက်လာကြကာ ထိုညအတွက် ဧည့်ရိပ်သာတစ်ခုတွင် တည်းခိုနေထိုင်ကြပေသည်။ ထို့နောက် ချူဟွမ်မှာ တစ်မြို့လုံးအနှံ့ခြေရာထပ်အောင် အခေါက်ခေါက်အပြန်ပြန် ရှာဖွေပါသော်လည်း အနှီ ပို့ဆောင်ဆက်သွယ်ရေးအချက်အချာကြီးတွင် စာအုပ်တစ်အုပ်မျှပင်မရောင်းကြောင်း သေချာသွားရလေသည်။

ယခင်တစ်ခေါက်တုန်းက ရှားရှားပါးပါး "စာအုပ်ဆိုင်"တစ်ဆိုင်ကို တွေ့လိုက်ရခြင်းမှာ အမှန်တကယ်ကို တိုက်ဆိုင်လွန်းခြင်းတစ်ရပ်သာဖြစ်ပေ၏။ ချူဟွမ်တစ်ယောက် သိလိုက်ရသည်မှာ ထိုဆိုင်သည်လည်း သူတို့ကို စာအုပ်အဟောင်းများအားလုံး ရောင်းလိုက်ပြီးသည့်အချိန်မှစ၍ ကိုယ်ထူကိုယ်ထဖြင့် ထမင်းဆိုင်လေးတစ်ဆိုင်အဖြစ် ပြောင်းလဲလိုက်ချေပြီ။ စာရေးထားသော စာရွက်ဟူ၍ တစ်ရွက်တလေမျှပင် မတွေ့ရတော့ပေ။

ရိုးသားသော ဒေသခံပြည်သူများမှာ "စီးပွားရေးအုတ်မြစ်သည် လူနေမှုစနစ်ပုံစံကို အဆုံးအဖြတ်ပေးသည်" * ဟူသည့်သဘောတရားကို လက်တွေ့ဆောင်ရွက်ချက်များဖြင့် သက်သေပြလိုက်ပြီးဖြစ်၍ - အခြေခံအနေဖြင့်ကား စားသောက်ဆိုင်ဖွင့်ခြင်းသည် စာအုပ်ဆိုင်ဖွင့်ခြင်းထက် ပို၍စီးပွားဖြစ်လေသည်။
["စီးပွားရေးအုတ်မြစ်သည် လူနေမှုစနစ်ပုံစံကို အဆုံးအဖြတ်ပေးသည်" - ဒီစာသားကတော့ ကွန်မြူနစ်ဝါဒ အယူအဆတစ်မျိုးပါ။ ကွန်မြူနစ်စနစ်ရဲ့ဖခင်ကြီး Karl Marx ရဲ့သီအိုရီထဲမှာဆိုရင် လူ့အ‌ဖွဲ့အစည်းတစ်ခုမှာ "စီးပွားရေးအုတ်မြစ်"နဲ့ "လူနေမှုစနစ်ပုံစံ"ဆိုပြီး နှစ်ပိုင်းပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ "စီးပွားရေးအုတ်မြစ်"ဆိုတာကတော့ လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ထုတ်ကုန်တွေကို ထုတ်လုပ်ပေးတဲ့အင်အားစုရင်းမြစ်တွေလို့ သတ်မှတ်ထားပြီး "လူနေမှုစနစ်ပုံစံ"ဆိုတာကတော့ လူ့အဖွဲ့အစည်းရဲ့ တခြားကဏ္ဍအားလုံးကိုခေါ်တာပါတဲ့။ တတ်နိုင်သလောက်တော့ ကြိုးစားလေ့လာပြီးရေးတာဆိုပေမယ့် ဆူးက နိုင်ငံရေးအယူအဆတွေနဲ့ပတ်သက်လို့ရော လူမှုရေး၊ စီးပွားရေးဘာညာတွေဘက်မှာရော တအားကြီးကျွမ်းကျင်တဲ့သူမဟုတ်တာမို့ အဆင်မပြေရင် အကြံပေးနိုင်ပါတယ်ရှင့် (⁠◔⁠‿⁠◔⁠) ]

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now