Chapter - 5: Prologue

416 77 2
                                    

(Uni)

သို့ရာတွင် ချူဟွမ်က ဘာမှမလုပ်ခဲ့ပါချေ။ ဟော်ဟွေကို ခေတ္တမျှ ကြည့်၍သာနေကာ အသံတိုးတိုးဖြင့် ပြောလေ၏။
"ခင်ဗျား ဘာကိုများ ကြောက်နေတာလဲ? ကျုပ် ခင်ဗျားကို ဘာမှတောင် မလုပ်ရသေးပါဘူး။ လုပ်ရင်လည်း ဥပဒေချိုးဖောက်ပြီး အမိန့်ဖီဆန်ရာ‌ရောက်သွားမှာပေါ့။ ကျုပ်က အမြဲတမ်း ဖြောင့်မတ်တဲ့လူပါ။ ကျုပ် ဘယ်တုန်းကများ စည်းမျဉ်းချိုးဖောက်ဖူးလို့လဲ? "

ဟော်ဟွေတစ်ယောက် တုန်လှုပ်ချောက်ခြား၍ ကြက်သီးမေွးညင်းများပင် ထလျက် အကြောဆွဲကာ တက်တော့ချက်တော့မတတ်ပင် ရှိလေ၏။ သေချာပေါက်ပင် ချူဟွမ်ကလည်း သူ့ကို ထိုသို့ဖြစ်ခွင့်မပေးပါနိုင်ချေ။ ထို့ကြောင့် သူ၏ဇက်ကြောကို အကြောပိတ်လိုက်ကာ သတိလစ်သွားအောင် ပြုလိုက်လေတော့သည်။

ချူဟွမ်က ထိုလူကို ခံစားချက်ကင်းမဲ့စွာဖြင့် ခဏမျှကြည့်နေပြီးသည့်နောက်တွင် သူ့အိတ်ထဲမှ ဆေးထိုးအပ်တစ်ချောင်းကို သတိကြီးစွာဖြင့် ထုတ်ယူလိုက်ကာ အာနိသင်ပြင်းသည့် မေ့ဆေးတစ်မျိုးကို တစ်ဖက်လူ၏ ကိုယ်ထဲသို့ ထိုးသွင်းလိုက်လျက် ထိုသူလုံးဝသတိလစ်နေပြီး နိုးလာမည့်အခွင့်အရေးမရှိနိုင်စေရန် သေချာအောင် ဆောင်ရွက်လိုက်၏။

ထို့နောက်တွင်မှ သူသည် ကြည်လင်နေသော ကောင်းကင်ပြာကြီးကို မော့ကြည့်လေတော့သည်။ ထိုသို့ကြည့်နေလိုက်သည်မှာ ထိုကောင်းကင်ပြာကို ဖြတ်သန်း၍ အဝေးတစ်နေရာမှ တစ်စုံတစ်ယောက်ကို မြင်နေနိုင်သည့်နှယ်။

ချူဟွမ်က သူ့ဓားမြှောင်ကို ကောက်ယူလိုက်ကာ ခဏမျှ မျက်လုံးရှေ့တည့်တည့်တွင် ထား၍ ကြည့်နေ၏။ ဖြူဖျော့နေသည့် လက်ချောင်းများက သုံးမြှောင့်ပုံရှိနေသော ဓားသွားများကို ပွတ်သပ်လျက် အလိုလို လှုပ်ခတ်တုန်ယင်နေလေသည်။ ထိုသို့သော တုန်ယင်မှုမျိုးမှာ တစ်စုံတစ်ယောက်ကို ဓားနှင့်ထိုးလိုက်ပြီးမှ ငြိမ်သွားမည့်ကိစ္စ ဖြစ်လေ၏။

ရုတ်တရက် သူက ဟော်ဟွေ၏ ကိုယ်ထဲသို့ ဓားမြှောင်ကို အညှာအတာမရှိ ထိုးစိုက်ချလိုက်၏။ သူ၏ လုပ်ရပ်မှာ အလွန်ပင် ကြမ်းတမ်းခက်ထန်လှပြီး ဓားသွားကို ဆွဲထုတ်သည့်အခါတွင် ပို၍ပင် ရက်စက်ပေသေးသည်။ ဓားမြှောင်ကို ဆုပ်ကိုင်ထားသည့်လက်များတွင် ထင်းနေသော သွေးကြောစိမ်းများမှာ ရက်စက်ကြမ်းတမ်းလှပုံ ပေါ်နေလေသည်။ ချူဟွမ်က ဟော်ဟွေ၏ ကိုယ်ခန္ဓာကို အပေါက် ဆယ့်ရှစ်ပေါက်တိတိ ဆက်တိုက်ထိုးစိုက်လိုက်ခြင်းဖြစ်၏။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now