Chapter - 3: Prologue

516 90 9
                                    

(Uni)

From author:

ဒီအခန်းမှာက သားအဖနှစ်ယောက် စကားပြောတာမို့ ယောက်ျားလေးကိစ္စ နှိုက်နှိုက်ချွတ်ချွတ်တွေ ပြောတာ ပိစိလေး ပါတာတွေ ရှိပါတယ်။ တကယ်ကို ပိစိလေးပဲမို့ warning တော့ ထည့်မပေးတော့ဘူးနော် 😛

တော်ကြာ warning ပေးမထားတော့ innocent ဒါဒါလေးတို့က ဖတ်နေရင်း ရုတ်တရက်ကြီး ဟယ်ကနဲ ဖြစ်ကုန်ကြမှာစိုးလို့ပါ 😁

---

မနက်စောစောရောက်သည့်အခါတွင်မူ ချူဟွမ်က ပြာများကို တံမြက်စည်းလှည်းကာ ပုံထားလိုက်ပြီးနောက် ခုံတစ်ခုပေါ်တက်၍ ဗီရိုပေါ်သို့ ကြည့်လိုက်၏။ ထိုအပေါ်တွင် အေးစက်တောင့်တင်းနေပြီဖြစ်သော ကြောင်၏ အလောင်းကို တွေ့လိုက်ရလေသည်။ ယမန်နေ့က ၄င်းအနေဖြင့် သူ့အိပ်ရာပေါ်သို့ ကြုံတောင့်ကြုံခဲ တက်လာခြင်းမှာ အမှန်ပင် လာ၍ နှုတ်ဆက်ခြင်း ဖြစ်ပေလိမ့်မည်။

ချူဟွမ်က အင်္ကျီလက်ကို ဆွဲမလိုက်ပြီး ဖုန်တသောသောဖြစ်နေသော ဗီရိုအပေါ်ဘက်၌ မဖော်ပြနိုင်သော ခံစားချက်တစ်ခုဖြင့် ခဏမျှမှောက်နေမိလေသည်။ ရုတ်တရက် သူ့လက်ကိုင်ဖုန်းဆီမှ မြည်သံတစ်ချက် ထွက်လာ၏။ ဖွင့်ကြည့်လိုက်သောအခါ သူနာပြုအကူထံမှ message တစ်စောင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
"အချိန်ကျပြီ။ ငါ့ကို လာနှုတ်ဆက်တော့"

ချူဟွမ်နှင့် အသက် ၅၀ အရွယ် သူနာပြုအကူကြီးမှာ အလုပ်ကိစ္စမှလွဲ၍ အခြားရှုပ်ရှုပ်ယှက်ယှက် ပတ်သက်မှုမျိုး ရှိမနေပါချေ။ ဤ အရင်းမရှိအဖျားမရှိ message မှာ ကြည့်လိုက်သည်နှင့် ချူအိုက်ကော်ထံမှဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုလူအိုကြီးမှာ တစ်နည်းနည်းဖြင့် သူများဖုန်းကို ယူထားပုံရလေ၏။

ချူဟွမ်က ဓားမြှောင်နှင့် သေနတ်တို့ကို ချထားလိုက်ပြီး အနက်ရောင်အနောက်တိုင်းဝတ်စုံတစ်စုံလဲလိုက်ကာ ရိုးရိုးရှင်းရှင်း လက်ဆွဲသေတ္တာတစ်လုံးကို ထုပ်ပိုးပြင်ဆင်လေသည်။ ထို့နောက် ဖိနပ်ပုံးအဟောင်းတစ်ခုကို ယူ၍ ကြောင်ကို ထည့်လိုက်ပြီး ၄င်း၏ လုံးဝန်းသော ခေါင်းကိုသာ ဖော်ထား၍ ကိုယ်ခန္ဓာကို စက္ကူပြာတို့ဖြင့် ဖုံးလွှမ်းလိုက်ကာ အောက်ထပ်မှ ထင်းရူးပင်ကြီးအောက်တွင် မြှုပ်နှံပေးလိုက်၏။ ထို့နောက်တွင်ကား ဦးထုပ်အနားသတ်ကို ခပ်ငိုက်ငိုက် စိုက်ချလိုက်ပြီး လမ်းဘေးမှ တက္ကစီတစ်စီးကို ငှားကာ ဆေးရုံ၏အမည်ကို ပြောလိုက်ပြီးနောက် ကားနောက်ထိုင်ခုံတွင်မှီလျက် မျက်လုံးများမှိတ်ကာ လိုက်ပါလာလေသည်။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now