Chapter -2: Prologue

737 102 5
                                    

(Uni)

ဘာမှ ဖြစ်မသွားခဲ့ပေ။ ထိုအရာသည်ကား ကျည်မပါသော သေနတ်အလွတ်သက်သက် ဖြစ်ချေသည်။

ဖြစ်စဉ်အစမှ အဆုံးထိတိုင် ချူဟွမ်မှာ မျက်တောင်တစ်ချက်ပင် မခတ်ပါလေ။ သူသည် တစ်ချက်မျှပင် တုန်လှုပ်သွားခြင်းမရှိဘဲ ထိုနေရာတွင် ရပ်၍သာနေသည်မှာ အိပ်မက်မှနိုးမလာဘဲ ရှိနေသေးသည့် အတိုင်းပင်။

ဧည့်သည်က မကျေမနပ် မှတ်ချက်ချလိုက်လေ၏။
"မင်းရဲ့ ဆိုးရွားတဲ့ တုန့်ပြန်ပုံအတွက် မင်းကို 'စာမေးပွဲကျ'ပဲ ပေးမယ်"

ဤစကားကို ကြားလိုက်ရသည်နှင့် ချူဟွမ်က ခေါင်းကို နောက်သို့ လှန်ချလိုက်ပြီး ဘယ်ညာရမ်းလျက် လည်ပင်းကျိုးသွားဟန်ပြုကာ အသက်မပါသော အသံတန်းတန်းကြီးဖြင့် ကြေညာလိုက်လေသည်။
"အား... ကျုပ်သေသွားပြီ"

ဧည့်သည်က ဦးထုပ်ကို ချွတ်လိုက်သောအခါ သက်လတ်ပိုင်းလူတစ်ယောက်၏ အကြောတင်းတင်းမျက်နှာ ပေါ်ထွက်လာပေ၏။ ထိုသူက ချူဟွမ်ကို စူးစမ်းစစ်ဆေးနေပြီး သူ၏ အကြည့်တို့မှာ ဓားတစ်လက်နှင့် တူလှပေရာ ချူဟွမ်၏အရိုးများကိုပင် ချိုးဖြတ်ပစ်နိုင်သည့်အသွင်ကို ဆောင်နေလေသည်။
"အခုက အရမ်းနောက်ကျနေပြီဆိုတာ ငါသိပေမယ့် မင်း ဒီလောက်ကြီးတော့ သတိလက်လွတ် မနေသင့်ဘူး"

ချူဟွမ်က ပြုံးရုံသာပြုံးပြီး တကယ်တမ်း ဂရုစိုက်သည့်ပုံ မပေါ်ပါချေ။ သူပြုံးလိုက်လျှင် နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်ချွန်သွားပြီး မျက်လုံးများမှာ ကျဉ်းမြောင်းသွားတတ်လေရာ သူ့အသွင်ကို ရွှတ်နောက်နောက် ပြဿနာအိုးလေးပုံ ပေါက်သွားစေပေ၏။ သူတပ်ထားသော ကိုင်းပျောက်မျက်မှန်နှင့် ပေါင်းလိုက်သောအခါတွင်ကား သူ့ပုံမှာ အလွန်ပင် မိစ္ဆာဆန်လှသဖြင့် ဒဏ္ဍာရီထဲမှ လူအ‌ရေခြုံထားသော သားရဲ*နှင့်ပင် တူနေပေတော့သည်။
[လူအ‌ရေခြုံထားသော သားရဲ - လူကောင်းသူကောင်းပုံ ဟန်ဆောင်ထားပေမယ့် တကယ်တမ်းကျ ယုတ်ညံ့ပြီး ရွံမုန်းစရာလူမျိုးဆိုတဲ့ အဓိပ္ပာယ်ပါ]

လူအ‌ရေခြုံထားသော သားရဲက ဖြည်းဖြည်းချင်း ပြောလာလေ၏။ 
"လောင်ဝမ်... ခေါင်းလေးကို နည်းနည်းမော့၊ လမင်းကြီးကို မျက်နှာမူပြီး သွားလေးတွေပေါ်အောင် ပြုံးထားပေးပါလား"

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now