Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )

300 78 5
                                    

(Uni)

မင်း လာချွဲနေတာကလွဲရင် တခြားဘာလုပ်တတ်လဲ

ဟွားကူးသွော်တစ်ယောက် ခေါင်းဆောင်ကြီး၏ကျိုင်းကို လက်နှစ်ဖက်ဖြင့်မြှောက်ကိုင်ထားလျက် ရှပ်ပြာရှပ်ပြာဖြင့် နန်ရှန်းနောက်သို့ ပြေးလိုက်လာကာ သူ့အသံစူးစူးဖြင့် အော်ဟစ်နေလေသည်။
"ခေါင်းဆောင်ကြီး! ခေါင်းဆောင်ကြီး!"

ရှောင်ဖန်းက သူ့ကို လှမ်းဟောက်လိုက်၏။
"ဘယ်သူက နင့်ကို ထွက်လာခိုင်းလို့လဲ... ပြန်သွားစမ်း!"

ဟွားကူးသွော်မှာ သူ့အမေဝမ်းထဲမှထွက်လာချိန်ကတည်းက အဖေဖြစ်သူကိုစိန်ခေါ်ရဲခဲ့သူဖြစ်ပေသည်။ ပြေးနေသောသူ့နောက်မှ အရှိန်ဖြင့်ပါလာသောလေစီးကြောင်းထဲတွင် ခက်ထန်လှသော တိုက်ချင်ခိုက်ချင်စိတ်များလည်း အတူကပ်ငြိပါလာချေ၏။

"သမီးက အခု အသက်ဆယ့်နှစ်နှစ်တောင် ရှိနေပြီ!"
သူက ကျယ်လောင်စွာ ဟစ်ကြွေးကြေညာလိုက်သည်။
"သမီးက အဲ့ပိစိပေါက်စလေးတွေလိုမျိုး မဟုတ်ဘူး။ သမီး တောင်ကိုတောင် စောင့်ရှောက်နိုင်တယ်"

နန်ရှန်းက ကျိုင်းကိုယူလိုက်ကာ စကားတစ်ခွန်းမျှမဆိုသော်လည်း ထိုကလေးမကို အနည်းငယ်မျက်မှောင်ကြုတ်ပြလိုက်၏။

"ပြန်သွား"

ဤကိစ္စနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် နန်ရှန်းမှာ မျိုးနွယ်စုထဲမှ ကလေးများအပေါ်တွင် အလွန်စိတ်ရှည်၍ ကြင်နာနူးညံ့သူဖြစ်ကာ - အနည်းဆုံးတော့ ချူဟွမ်ထက် အဆပေါင်းများစွာပို၍ စိတ်ရှည်သူဖြစ်ပြီး - ကလေးများကို ‌အော်ငေါက်ပြောဆိုခြင်းမျိုး အလွန်ပြုခဲလှပေသည်။ သို့ရာတွင် ဖခင်ဖြစ်သူ၏ ပန်ကာစက်ပမာတရစပ်လည်ပတ်နိုင်သော 'အစဉ်အသင့်' လက်ဝါးနှင့်ယှဉ်လျှင် ခေါင်းဆောင်ကြီး၏အကြည့်မှာ အနည်းငယ်မျှ စိတ်မကြည်မလင်ဖြစ်နေပုံသာပေါ်သည့်တိုင် ထိုအကြည့်တစ်ချက်တည်းကပင် အနှီအရိုင်းအစိုင်းကောင်လေးများကို ပို၍ထိရောက်စွာ ထိန်းချုပ်ချိုးနှိမ်နိုင်ပေ၏။

ဟွားကူးသွော်တစ်ယောက် နန်ရှန်းနှင့် အကြည့်ချင်းဆုံသွားသည်နှင့် နဂိုက သုံးချီ*အမြင့်မျှရှိနေခဲ့သော သူ့ထောင်လွှားမှုများမှာ ပဲစေ့အရွယ်အင်္ဂါဂြိုဟ်ကလေးလောက်အထိ ကျုံ့သွားပြီးသည့်နောက် နောက်ဆုံးတွင် လုံးဝချုပ်ငြိမ်းပျောက်ကွယ်သွားရလေသည်။ ကလေးမမှာ ခေါင်းဆောင်ကြီး၏ မျက်နှာရိပ်မျက်နှာကဲကို သတိထားကြည့်နေလျက် အနည်းငယ်မျှပင် မထောင်လွှားရဲတော့ဘဲ သူ့နေရာတွင်သာ အချိန်အတော်ကြာသည်အထိ ငြိမ်သက်စွာရပ်နေ၏။ ခေတ္တမျှ ခြေချောင်းလေးများအချင်းချင်း ပွတ်သပ်နေပြီးသည့်နောက်တွင်ကား အိမ်သို့ ညှိုးငယ်စွာပြန်သွားရတော့သည်။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now