Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)

326 78 9
                                    

(Uni)

ချောမောတဲ့ အမျိုးသားတစ်ယောက်နဲ့ အိပ်ရာတစ်ခုတည်းမှာ အတူတူအိပ်စက်ခဲ့တယ်

ချူဟွမ်တစ်ယောက် အချိန်အတော်ကြာသည်အထိ ဘာမှပြန်မပြောလာသောကြောင့် နန်ရှန်းက သူအိပ်ပျော်သွားပြီဟု ထင်လိုက်မိကာ စောင်ထောင့်စွန်းကို မ လိုက်ပြီးနောက် ချူဟွမ့်ကိုယ်ပေါ်သို့ ဆွဲခြုံပေးလိုက်သော်လည်း ခြုံပေး၍မပြီးသေးမီတွင်ပင် သူ့လက်ကောက်ဝတ်ကို လက်တစ်ဖက်က ဖမ်းထားလေ၏။

ချူဟွမ်၏ လက်ချောင်းများကြားတွင် အသားမာအလွှာပါးတစ်ခုရှိနေကာ ညင်သာသောခွန်အားတစ်ခုလည်း ရှိနေပေသည်။

နန်ရှန်းမှာ အံ့ဩသွားရချေ၏။ အမှောင်ထုက သူ့အား သူထင်ထားသည်နှင့် အနည်းငယ်ကွာခြားနေပုံပေါ်သော ချူဟွမ်၏လက်ချောင်းများကို သတိပြုမိသွားစေပေသည်။

ချူဟွမ်ကား ရုတ်တရက်ကြီး အရက်သောက်ချင်လာတော့သည်။ လီယီလူမျိုးများအကြား လအနည်းငယ်မျှ အတူတကွနေထိုင်ပြီးသည့်နောက်တွင် သူ့အနေဖြင့် အရက်၏ အကျိုးကျေးဇူးများကို နားလည်သွားခဲ့လေပြီ။

အနည်းငယ်သောက်ပြီး ရီဝေဝေဖြစ်ကာစအချိန်တွင် သူ့နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီးနောက် သူ့သွေးများမှာလည်း မီးစတစ်စအလား ဆူပွက်လာချေလိမ့်မည်။ သူ့အနေဖြင့် စိတ်ရောကိုယ်ပါ အသက်ဝင်နိုးကြားလာသည်ကို ခံစားရမည်ဖြစ်ကာ ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံး အားအင်များစီးဆင်းလာပေမည်။

ထပ်သောက်လိုက်ပြီး အရက်က ခေါင်းထဲထိ ဆောင့်တက်လာသောအချိန်၌ သူ့အနေဖြင့် သူ့ကိုယ်သူ မည်သည့်နေရာတွင် ရောက်နေကြောင်းကိုပင် မေ့သွားတော့သည်။ ဤအချိန် သူ့အနေဖြင့် အရက်ခွက်ကို စိုက်ကြည့်နေလိုက်လျှင် သူ့စိတ်ကူးထဲ၌ သူသည် ငယ်ရွယ်နုပျိုမှုတို့ ရှိနေသေးလျက် မိုင်ပေါင်းတစ်သောင်းမျှ ခေါက်တုံ့ခေါက်ပြန်ပျံသန်းနိုင်သော ဂဠုန်ငှက်ပမာ* အထင်ရောက်သွားလေမည်။
[မိုင်ပေါင်း...ဂဠုန်ငှက်ပမာ (鹏程万里任尔来去) - ဘဝရဲ့ အနာဂတ်မှာ အခွင့်အရေးကောင်းတွေနဲ့ မျှော်လင့်ချက်တွေရှိနေသေးပြီး အောင်မြင်နိုင်တယ်လို့ဆိုလိုတဲ့ စကားပုံဖြစ်ပါတယ်]

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now