Chapter - 12: ဤကမ္ဘာ (ဤကမာၻ)

358 76 3
                                    

(Uni)

သုံးရက်လောက်လို့ ပြောပြီး ခုမှ ပြန်လာဖြစ်လို့ သွေ့ပုချီပါနော် 😬

အဘွားက လက်မောင်းယောင်နေလို့ သွားပြတာ။ သွားတုန်းကတော့ ရိုးရိုးပဲမှတ်လို့ အလွန်ဆုံးမှ သုံးရက်လောက်ပဲကြာမယ်မှန်းတာကို တကယ်ပြလိုက်တော့ ခွဲခန်းဝင်ပြီး minor operation လုပ်ရတဲ့ထိ ဖြစ်သွားတာနဲ့ ဒီလောက်ကြာသွားတယ် 🤧

နောက်ရက်တော့ တခြားကိစ္စမရှိလောက်တော့လို့ update မှန်နိုင်လောက်ပြီလို့တော့ ယူဆရတာပဲ။ Eng tran ongoing မီဖို့က သုံးပိုင်းပဲလိုတော့တာ 😁

---

ရွာကျောင်းဆရာဘဝ စတင်ပြီ

လီယီလူမျိုးတို့ နေထိုင်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် လူမရှိသော အိမ်ပေါင်းများစွာ ရှိနေသည်။

နန်ရှန်းက ချူဟွမ်အား သူကြိုက်ရာကို ရွေးချယ်ခွင့်ပြုထား၏။ သို့ရာတွင် ကန့်သတ်ချက်တစ်ခုတော့ ရှိပေသည်။ မြစ်ကမ်းဘေး သို့မဟုတ် တောအုပ်အနီးတွင် မဖြစ်ရ ဟူ၍ပင်။

နန်ရှန်းက အကြောင်းရင်းကို ရှင်းမပြသလို ချူဟွမ်ကလည်း မမေးပါချေ။ မြစ်ကို ဖြတ်ပြီးခဲ့ကတည်းက သူ့တွင် ဤနေရာနှင့်ပတ်သက်၍ အံ့သြမှင်တက်သော ခံစားချက်တစ်ခု အမြဲရှိနေခဲ့သည်သာ။

သူသည် ဆုံးဖြတ်စရာရှိလျှင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ယုံကြည်၍ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက်မချနိုင်သည့်အခါမျိုးတွင် မိမိ၏ အလိုအလျောက်သိစိတ်ကိုသာ ယုံကြည်လိုက်တတ်သူပင် ဖြစ်သဖြင့် - သို့နှင့် ချူဟွမ်မှာ ပြတ်သားစွာပင် သူ၏ ဆဋ္ဌမအာရုံကို လိုက်နာလိုက်လေတော့၏။

ထို့အပြင် ဤနေရာမှ အမျိုးသမီးများမှာ အလွန်ပင် အလုပ်ကြိုးစားကြလေရာ ဖြစ်နိုင်ချေရှိသည်ကား မိုးမလင်းမီပင် မြစ်ဆီသို့လာ၍ လျှော်ဖွပ်ဆေးကြောကြပေလိမ့်မည်။ သံချောင်းများပမာ သန်မာကြံ့ခိုင်လှသော သတ်လတ်ပိုင်းအမျိုးသမီးကြီးများနှင့် အမျိုးသမီးငယ်များ အုပ်စုလိုက်ကြီး စကားပြောလိုက်ကြ၊ ရယ်လိုက်မောလိုက်ကြဖြင့် ပြည်သူ့ရင်ပြင်တွင် ကျန်းမာရေးလေ့ကျင့်ခန်းကကြသည့် မိန်းမကြီးများထက်ပင် အားအင်ပြည့်ဝနေကြပေဦးမည်။ ထိုတစ်နေ့အတွက် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်လျှင် မသင့်တော်သော မြင်ကွင်းအချို့ကိုပင် အလွယ်တကူ မြင်တွေ့ရနိုင်လောက်ပေရာ ...

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now