Story Brief
2.4K 177 2
(Uni)
From author:
ဆူးရယ် စိတ်တွေလောပြီး ဒီတစ်ခုကို ကျန်ခဲ့တာ ခုမှ publish ရတယ်။ သွေ့ပုချီ 🥺🙏
---
"မင်း ငါ့ကိုပေးလာသမျှအရာတိုင်းအတွက် ငါက အကုန်တုန့်ပြန်ပေးဆပ်သွားမှာဆိုတာ သိထားပေးပါ"
---
အပြန်အလှန် တိတ်တခိုးချစ်မိနေကြသူနှစ်ဦး၏ စွန့်စားခန်းပုံပြင်တစ်ပုဒ်...
---
လျှိူ့ဝှက်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးဖြစ်သော ချူဟွမ်မှာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သော "သရဲကြီး" နောက်သို့ လိုက်ရင်းဖြင့် ချောက်ကမ်းပါးမှ ပြုတ်ကျကာ ထူးဆန်းသည့် တောင်တန်းမြို့ငယ်လေးတစ်ခုတွင် သောင်တင်သွားလေသည်။
ထိုတောင်ကြားမှ လူတို့မှာ အချိန်အတော်များများတွင် မြစ် ဖြင့် ပိုင်းခြားထားသည့် နယ်နိမိတ်စည်းအပြင်ဘက် သာမန်လူသားတို့၏ နယ်မြေသို့ ထွက်သွားခွင့် မရှိကြပေ။ ထိုသူတို့ကို နန်ရှန်းဟူသည့် လူတစ်ယောက်က ခေါင်းဆောင်ပြီး တောင်နှင့် မြင့်မြတ်သည့် ရေပြင်တို့ကို စောင့်ရှောက်သော "တောင်အစောင့်များ" ဟူသော လျှို့ဝှက်လှသည့် အဖွဲ့တစ်ဖွဲ့လည်း ရှိပေ၏။
ချူဟွမ်တစ်ယောက် ထိုတောင်မှ ထွက်သွားတော့မည်ဟု ဆုံးဖြတ်လိုက်သော နေ့တွင် တောင်တံခါး၏ အစွန်အ‌ဖျား၌ လူ့လောကသို့ ထွက်လာရန် ပြင်ဆင်နေကြသော အရိပ်လူသားအမြောက်အမြားကို တွေ့လိုက်မိလေ၏။ တောင်တန်း၊ စောင့်ရှောက်သူများနှင့် တံခါးစောင့်များကို အကာအကွယ်ပေးနိုင်ရန် ချူဟွမ်၊ နန်ရှန်းနှင့် အခြားသောသူအချို့တို့ ပူးပေါင်းကာ ဆန်းကြယ်လှသည့် စွန့်စားခန်းတစ်ခုကို စတင်ရန် အကြောင်းဖန်လာပေတော့သည်...
---------------------
Please support CRPH. အရေးတော်ပုံ အောင်ရမည် 💪
Published date - 4. 4. 2021
❤❤❤
(Zawgyi)
From author:
---
---
---
လျှို့ဝှက်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးဖြစ်သော ချူဟွမ်မှာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သော "သရဲကြီး" နောက်သို့ လိုက်ရင်းဖြင့် ချောက်ကမ်းပါးမှ ပြုတ်ကျကာ ထူးဆန်းသည့် တောင်တန်းမြို့ငယ်လေးတစ်ခုတွင် သောင်တင်သွားလေသည်။
---------------------
Published date - 4. 4. 2021
❤❤❤
တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now