𝗝𝗲𝗼𝗻 28

2.9K 198 61
                                    

Unicode...

"ဖယ်မောင်ဆေးလိုက်မယ်.."

"ရပါတယ်ဆို ဒီလောက်ကတော့ယောင်းလုပ်နိုင်ပါတယ် ယောင်းဘာသာဆေးလိုက်ပါ့မယ် ကိုကိုသွားထိုင်နေပါ.."

စားသောက်ပြီးသား ပန်းကန်တွေအားဆေးမယ်လုပ်နေသည့် ကိုကိုအားသူအတင်းပြောရသည် ကိုကိုကချက်ပြုတ်ပေးပြီး ‌စားသောက်ရန် အဆင်သင့်ပြင်ထားပေးသေးသည်၊ ခုလဲစားပြီးသား ပန်းကန်တွေအား သူပဲဆေးမယ်ဆိုသည်ကြောင့် ထယ်ယောင်းတားရခြင်းပြင် ထိုအကြောင်းရာသည်မှာလဲ ဒီနေ့တစ်ရက်တည်းမဟုတ်ပါ ဖြတ်သန်းခဲ့သည့်နေ့ရက်တိုင်းလဲထိုသို့ပင်၊ ချက်ပြုတ်တာမကျွမ်းကျင်ပေမယ့် သန့်ရှင်းရေးလုပ်သည့်နေရာတွင်တော့ သူကျွမ်းကျင်ပါသည်..။

"ကိုကို!.."

"တူတူဆေးမယ်.."

နောက်ကျောပြင်၌ သိုင်းဖက်ထားသည့်အနေထားဖြင့် သူ့လက်တွေပေါ်က အုပ်မိုးလာသည့် ကိုကိုရဲ့လက်တစ်စုံ..။

"ရပါတယ်ဆို.."

"အသေးလေးရပေမယ့် မောင်မရဘူး..."

"မောင့်ကိုပြောစရာရှိတယ်.."

"အခုမောင့်ကို မောင်လို့ခေါ်လိုက်တာလားမောင့်ကလေးက.."

"မခေါ်ရဘူးလား.."

"မဟုတ်ပါဘူး မောင်အံ့ဩသွားလို့ပါ ပြောပါအုန်းမောင့်ကလေးလေးက မောင့်ကိုဘာပူဆာစရာရှိလို့လဲ.."

"ပူဆာစရာရှိလို့ခေါ်တယ်လို့ ထင်နေတာလား ဖယ် လွှတ်ပေးတော့.."

ခေါင်းအားလှည့်လာ၍ ခပ်တည့်တည့်ရုပ်လေးနှင့် ပြောလာသည့်က‌လေးငယ်‌ကြောင့် ဂျောင်ကုစကားမှားသွားသည်ကို သိလိုက်ပါသည်..။

"မောင်ပြောချင်တာအဲ့လိုမဟုတ်~~.."

"ဖယ်ပေးလို့ပြောနေတယ်လေ..."

စိတ်ဆိုးနေဟန်ပြနေသည့် ကလေးငယ်အား
သူဘာမှဆက်မပြောဖြစ်တော့ပါ..၊ ကလေးငယ်အား အုပ်မိုးထားသလိုဖြစ်နေသည့် သူ့ခန္ဓာကိုယ်ကိုယ် ဖယ်ခွာပေးလိုက်တော့ တွန်းထုတ်ကာထွက်သွားသည့် ကလေးငယ်ကြောင့်သူခေါင်းခါမိသည်..၊ ပန်းကန်များအား နေရာတစ်ကျပြန်ထားလိုက်ကာ ကောက်တေးလေးရှိရာဆီသို့ ထွက်လာလိုက်သည်..။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now