𝗝𝗲𝗼𝗻 20

3.4K 237 49
                                    

Unicode...

Ring...Ring...Ring...

ရေချိုးခန်းထဲက ထွက်လာတော့ စားပွဲခုံပေါ်ရှိ အဆက်မပြတ်လာနေသည့် ဖုန်းကြောင့် ထယ်ယောင်းဖုန်းခေါ်ဆိုသူကို ကြည့်မိတော့ အသဲပုံနှစ်ခုကြားက KoKo ဟုမှတ်ထားသော နာမည်အား နေရာယူလျက် မဆိုင်းမတွပဲ မြည်နေသည့်ဖုန်းအားကိုင်လိုက်မိသည်..။

"Hello ကိုကို.."

"ကလေးလေး ကိုကိုအ‌ရေးကြီးတဲ့ စာရင်းတွေစစ်စရာရှိလို့ရုံးကို အရင်သွားနှင့်ပြီနော်.."

"ကိုကိုကလဲဗျာ ယောင်းကိုစောစောပြောတာမဟုတ်ဘူး.."

သူ့ပြောလိုက်တော့ ကိုကိုက ခဏတာငြိမ်နေသည်၊ ပြီးသည်နှင့် အနောက်ကအသံတို့ဟာ ခပ်ကျယ်ကျယ်ထွက်လာသည်မို့..။

"ကိုကိုရုံးမှာမဟုတ်ဘူးမလား.."

"ကိုကိုမှားတယ်နော် ကိုကိုယောင်းကိုပြောဖို့မေ့သွားတာ ကိုကိုဖုန်းချပြီနော်.."

သူ့ပြန်ပင်မဖြေလိုက်ရ လက်ထဲရှိ ဖုန်းလေးက တီခနဲ့မြည်ကာ ကျသွားတာကြောင့် သူဝမ်းနည်းမိသည်၊ သူ့မေးသည်ကိုမဖြေနိုင်လောက်အောင် ကိုကိုကမအားတာလား
ကိုကိုကသူ့ကိုအရင်ကလို ဂရုမစိုက် သူ့ကိုပြောဖို့ပင် မေ့နေလောက်အောင်ကိုကိုက သူ့အားအလေးမထားတော့..။

ပါးပြင်ပေါ်၌ကျလာသည့် မျက်ရည်အား လက်ဖြင့် ခပ်ဆက်ဆက်သုတ်ပြစ်လိုက်ပြီး..။

"ဂရုမစိုက်တော့လဲ ဘာဖြစ်လဲ ကိုကိုမကြိုက်တာတွေရွေးလုပ်ပြစ်မယ် သူ့ကိုဂရုမစိုက်သလို ကိုကို့ကိုပြစ်ထားပစ်မယ် လူကြီးတွေများ ရရင်တစ်မျိုး မရရင်တစ်မျိုးနဲ့ ကလေးတွေကို စိတ်မကောင်းဖြစ်အောင်လုပ်တယ် ကိုကိုတွေကကောင်းကိုမကောင်းဘူး.."

စူပုတ်ပုတ်ပြောလိုက်ပြီး ဆောင့်ဆောင့်အောင့်အောင့်နှင့် အလုပ်သွားရန် ပြင်ရသည် ပြင်ပြီးတာနဲ့ အောက်ထပ်ဆင်းခဲ့တော့ မာမီကသူ့ကိုတွေ့ကာမေးသည်..။

"သားကိုကို လာမကြိုဘူးလား.."

မာမီအမေးကြောင့် သူကြမ်းပြင်သို့အကြည့်ပို့ကာ ခေါင်းခါပြလိုက်တော့..။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now