𝗝𝗲𝗼𝗻 18

3.4K 232 53
                                    

Unicode...

Computerပေါ်ပြေးလွှားနေသည့် လက်တစ်စုံကို ဆွဲယူကာ
လက်ခုံပေါ်ကသွေးကျောတွေကို သူ့လက်နဲ့ပွတ်သတ်ကာ ဆော့ကစားနေသည့်ကလေးငယ်၊ လုပ်ချင်တာလုပ်နေရရင် ငြိမ်နေတတ်သည့်အသေးလေးကို ဂျောင်ကု ဘာမှမပြောလိုပဲ လွှတ်ထားလိုက်သည်..။

"ကိုကို.."

"အွန်း.."

"အိပ်ချင်တယ်.."

ကုတင်ပေါ်သွားမအိပ်ပဲ အလုပ်လုပ်နေသည့် သူ့အနားလာကာ ပြောနေသည့် အသေးလေးကြောင့်..။

"အိပ်ချင်ရင် ကုတင်ပေါ်မှာသွားအိပ်တော့လေ ကိုကိုဒါလေး လက်စသတ်ပြီးရင် လာခဲ့မယ်..."

ပခုံးပေါ်ခေါင်းလေးမှီလာကာ၊ ကိုင်ထားသည့်သူ့လက်ကို ထိုကလေးငယ်ကသူ့လက်ဖဝါးပေါ်တင်လျက်၊
ကိုင်ထားသည့်ကိုလက်ဖဝါးကို သူ့လက်ဝါးနှင့်ရိုက်ကာဆော့ကစားပြီး..။

"ဟင့်အင်း.."

မျက်နှာငယ်ဖြင့် ပခုံးမှီထားရင်းမော့ကြည့်ကာ ပြောလာသည့်အသေးလေးကြောင့် ‌သူ့ပြုံးလိုက်မိသည်ထင်ပါရဲ့...၊

"အဲ့ဒါဆို ကိုကို့ကိုခနလေးစောင့်.."

ပြောလိုက်တော့မှ ကိုင်ထားသည့်သူ့လက်ကို လွှတ်ပေးကာ ထိုင်နေရာမှထလိုက်တာကြောင့် သူ့မော့ကြည့်လိုက်တော့ စူပုတ်ပုတ်လေး သူ့ကိုကြည့်နေသည့်အသေးလေးကြောင့် မတ်တပ်ရပ်နေသည့်ထိုကောင်လေး၏လက်ကိုဆွဲကာ ထိုင်စေတော့ ထိုင်မလာပဲ မတ်တပ်ရပ်နေလျက်သား။

"ကိုကို~~~အလုပ်လား ယောင်းလားဖြေ.."

ကလေးဆန်ဆန်ပြောလာသည့် အသေးလေးကြောင့် ဂျောင်ကုသဘောကျစွာ ရယ်လိုက်ပြီး..။

"အသေးလေးကြောင့် အလုပ်လုပ်နေတာ.."

"ဟာဗျာ အဲ့အဖြေလိုချင်တာမဟုတ်ဘူး.."

သူလိုချင်တဲ့ အဖြေမရတာကြောင့် မျက်မှောင်ကျုံ့ကာ ပြောလာသည့် ကောင်လေးကို ‌သူလက်ကနေဆွဲကာ ပေါင်ပေါ်ထိုင်စေလိုက်တော့ သူရဲ့လည်တိုင်ပေါ် လက်ကလေးက အဆင်သင့်ရောက်လာသည်..။

"ဘယ်အရာနဲ့မှ ကိုကိုယောင်းနဲ့နှိုန်းယှဉ်ပြီးတော့ မရွေးချယ်ခိုင်းနဲ့ ကိုကိုတွက်ကိုကို့ရဲ့ယောင်းကအရေးကြီးဆုံးပဲ..."

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Tahanan ng mga kuwento. Tumuklas ngayon