𝗝𝗲𝗼𝗻 14

3.5K 264 35
                                    

Unicode...

သမီး~~~

သူသံယောင်လိုက်မိသည့် စကားကိုပင် ကိုကိုကမကြားသည့်အလား ဖက်ထားရာမှ လွှတ်ကာ ပြာပြာသလဲ သူ့ဖုန်းကိုလိုက်ရှာသည်၊ မှန်တင်ခုံပေါ်က ဖုန်းကိုတွေ့တာနဲ့ တစ်ဖက်လူကို ဖုန်းဆက်ကာ...။

"Hello ဆိုမီ သမီးဘာဖြစ်လို့လဲ.."

.........

တစ်ဖက်လူ၏ စကားသံကို ကြားလိုက်ရသည့် ကိုကိုမျက်နှာသည် စိတ်မကောင်းဖြစ်နေသည့်အလား မျက်နှာက ချက်ခြင်းဆိုသလို ငြိုးကျသွားသည် သူကိုကို့ကိုယ် ဆက်၍ကြည့်မနေနိုင်ပါ ကိုကိုခေါ်သည့်သမီးဆိုသည်ကိုလဲ သူနားမလည် ချက်ခြင်းဆိုသလို အခန်းထဲကပြေးထွက်ကာ တိုက်ခန်းအပြင်သို့ရောက်သွားသည့်ထိ ကိုကိုကသူ့အနောက်ကိုပင် လိုက်မလာခဲ့...၊

ဘာလဲ ကိုကိုက ကလေးအဖေတစ်ယောက်ဖြစ်ခဲ့တာလား~~

မျက်ရည်တွေရစ်ဝဲကာ လျှောက်လာသည့် လမ်းတွေက နှစ်ထပ်ဖြစ်လာသည့်အထိ၊ မျက်ရည်တွေတွဲလွဲခိုနေသည့် အထိ မျက်ဝန်းထက်မျက်ရည်တွေကို လက်ဖြင့်သုတ်မချဖြစ်ခဲ့ စိတ်ထဲတွင် မေးခွန်းများစွာမေးနေမိသည်...။

ကိုကိုက ကလေးအဖေတစ်ယောက် မဟုတ်ပါလျှင် ဘာအတွက်ကြောင့် သမီးဟုခေါ်ကာ သူ့ကိုဖက်ထားရာမှ မျက်စိပျက်မျက်နှာပျက်ကာ ချက်ခြင်း‌ဖုန်းခေါ်ရသလဲ~~~

ကိုကိုက ကလေးအဖေတစ်ယောက် ဟုတ်ပါလျှင် သူ့ကို မျှော်လင့်ချက်ပေးကာ ဘာကြောင့်နမ်းရိူက်နေပါသလဲ~~~

ဘာကြောင့်လဲ ဘာကြောင့်လဲ ဆိုတာ ထပ်ကာမေးမိပေမယ့် အဖြေက လွယ်လွန်းသွားသည့် သူကကိုကိုတွက် လွယ်နေလို့လား ဆိုသည့်အဖြေသာ...။

အလွယ်တစ်ကူရသွားတဲ့ သူ့နှလုံးသားကို အလေးမထားပဲ လုပ်ချင်သလိုလုပ်ကာ ကိုကိုကတန်ဖိုးမထားခဲ့သလား နှစ်တွေကြာသည့်ထိ နာကျင်ခဲ့သည့်သူ့အတွက် ပြန်ရသည်က ကလေးအဖေတစ်ယောက်၏ တန်ဖိုးမထားတတ်သည့် အချစ်တစ်ခုလား ဒါဆို ကိုကို့ကိုယ်သူ လက်လွှတ်လိုက်ရတော့မှာလား..၊

မျက်ရည်တွေ အသွင်သွင်ကျနေပြီး မဟုတ်ဘူးဆိုသည်ကို ခေါင်းခါလျှက် လိမ်ညာလည့်ဖြားခံရသည်ကို နာကျင်စွာပြုံးရယ်လျှက်နှင့် တစ်ရူးတစ်ယောက်လို့ လမ်းပေါ်
မှာ စောင့်စောင့်ထိုင်ကာ ငိုကျွေးနေမိသည် သူ့ကိုကွက်ကြည့်ကွက်ကြည့် လုပ်နေသည့် တစ်ချို့ လူများတွက် သူကအရူးတစ်ယောက်လို့ ဖြစ်နေမလား...။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Wo Geschichten leben. Entdecke jetzt