𝗝𝗲𝗼𝗻 8

3.6K 274 5
                                    

Unicode...

မြေကြီးပေါ် ခပ်ဖွဖွနင်းကာ ဖိနပ်သံကိုပင်မကြားစေရ၊ ခြံထဲ၌ပန်းခူးနေသည့် ဂျွန်ယွန်းဆယ်၏ အနောက်ကနေ လက်နှစ်ဖက်ကိုဖြန့်ကာ အနားရောက်မှ ဝါးခနဲအသံနှင့်အတူ...။

"တီတီယွန်း!!!!"

ထယ်ယောင်းအော်လိုက်တာနဲ့ လက်ထဲကနှင်းဆီပန်းတွေက မြေပြင်ပေါ်ခစားကာ...။

"အမလေး ယောင်းလေးရယ် လန့်လိုက်တာ..."

ဂျွန်ဆယ်ယွန်း လှည့်ကြည့်ကာပြောလိုက်တော့မှ ဟီးခနဲ့ရယ်ပြကာ လက်ထဲကလွတ်ကျသွားတဲ့ နှင်းဆီပန်းတွေကိုပြန်ကောက်ပေးသည်...။

"တီတီယွန်းအရမ်းလန့်သွားတာလား ပန်းတွေတောင်လွတ်ကျကုန်တယ်.."

"တီတီယွန်း တွေးနေရင်းယောင်းလေးကခြောက်လိုက်တာကိုး ကလေးဆိုးလေးရဲ့.."

ထယ်ယောင်း နှင်းဆီပန်းတွေကိုကောက်ပေးရင်း လက်ကိုဆူးမိတော့ နာကျင်မူကြောင့် မျက်နှာတစ်ချက်မဲ့လိုက်ပေမယ့် ခနကြာတော့ အဓိပ္ပာယ်ပါဘာသည့် ပြုံးတစ်ခုကိုဆင်မြန်းလိုက်ပြီး...။

"မိန်းကလေးတွေက ဘာလို့အဆူးတွေကာရံထားတဲ့ နှင်းဆီပန်းကိုကြိုက်ကြတာလဲ တီတီယွန်း.."

ထယ်ယောင်းအမေးကို ဂျွန်ယွန်းဆယ်တစ်ယောက် ခပ်ရေးရေးပြုံးကာပင်...။

"သူတို့ရဲ့အချစ်ကလဲ နှင်းဆီလိုပဲယောင်းလေးရဲ့၊ပြောရရင် နှင်းဆီလို ဆူးတွေထောင်နေတဲ့ ယောင်္ကျားတွေကိုချစ်မိတာမျိုးပေါ့ ထိုယောင်္ကျားက အဆိပ်ပြင်းတယ်ဆိုတာသိပေမယ့် အဲ့အဆိပ်ကိုကျေကျေနပ်နပ်ခံယူတတ်ပြီး ချစ်တတ်ကြတာ...

နောက်တစ်ခုက မျှော်မှန်းထားတဲ့ အရာတစ်ခုက အခက်ခဲမရှိပဲပြီးမသွားဘူးယောင်းလေးရဲ့ ကိုလိုချင်တဲ့ပန်းတိုင်ကို ခက်ခက်ခဲခဲကြိုးစားရတာ ဥပမာ အပင်မှာလှနေတဲ့  နှင်းဆီပန်းတစ်ပွင့်ကိုလိုချင်ဝာာမျိုးပေါ့
သူ့ရဲ့အဆူးတွေကို မကိုင်ပဲ နှင်းဆီပန်းလှလှလေးတစ်ပွင့်ကမရနိုင်ဘူး အပွင့်ကိုပဲတစ်ချပ်ချင်းဆီယူရင်တော့ နှင်းဆီကတစ်စုတစ်စည်းထဲမလှပတော့ဘူးပေါ့ အဲ့အဆူးတွေနဲ့လမ်းကိုကြမ်းကြမ်းခံနိုင်မှ အဆူးတွေနဲ့လှပတဲ့ နှင်းဆီတစ်ပွင့်ကိုရရှိနိုင်တာ အဲ့အချိန်ကြရင် ဘယ်လောက်ဆူးတဲ့နှင်းဆီပဲဖြစ်နေပါစေ ခံနိုင်ရည်ရှိတယ် တီတီယွန်းပြောတာယောင်းလေး‌သဘောပေါက်လား.."

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now