𝗝𝗲𝗼𝗻 26

3.3K 201 22
                                    

{Warning}18+ TaeKookကို+ဖတ်ရတာမကြိုက်သူများ ဒီအပိုင်းကိုမဖတ်ပါနဲ့....
+အခန်းဖတ်ပြီး မဝေဖန်ပါနဲ့!!!
_____________________________

Unicode...

"ယောင်းကိုယ့်ဘာသာလျှောက်မယ် အောက်ကိုချပေးလို့ကိုကို! မာမီမြင်ရင်မကောင်းဘူး..."

သူ့မျက်နှာကိုမော့ကြည့်ကာ ဆိုလာတဲ့ကလေးငယ်ကြောင့် ဂျောင်ကုအောက်သို့ချပေးလိုက်တော့ ဗိုက်ဆာတယ်ဆိုကာ မီးဖိုဆောင်ဘက်ပြေးသွားတဲ့ ကလေးငယ်အား ကြည့်ကာ ဂျောင်ကု သဘောကျစွာရယ်မိပါသေးသည်..၊

မီးဖိုဆောင်ရောက်တော့ ဟိုကြည့်ဒီကြည့်လုပ်နေသည့် ကလေးငယ်အား သူ့နောက်မှ ခါးထောက်ကာကြည့်နေလိုက်သည်..။

တကယ်တမ်းတော့ သူဗိုက်မဆာပါ ကိုကိုလက်ထဲကရုန်းထွက်ဖို့ မီးဖိုဆောင်ဘက်အားပြေးထွက်လာခြင်းပင်...။

"ဟင်!!"

အရှေ့မှရပ်နေသည့် ကလေးငယ်၏ခါးသိမ်သိမ်လေးအား သူ့လက်နှစ်ဖက်ဖြင့်သိမ်းဖက်လိုက်မိသည်၊ သူဖက်လိုက်တော့ ဟင်ဆိုသည့်အသံလေးနှင့် တုန်သွားသည့်ခန္ဓာကိုယ်လေးကြောင့် သူသဘောကျစွာ ပြုံးမိလိုက်ရင်း ကလေးငယ်ရဲ့ပခုံးလေးပေါ်မေးတင်လိုက်၍..။

"မောင့်လက်ထဲက ဘယ်ကိုပြေးချင်လို့လဲ.."

သူပြောလိုက်တော့ ဖက်ထားသည့်သူလက်နှစ်ဖက်အား ကလေးငယ်ကသူ့လက်ဖြင့် ဆွဲဖြုတ်ကာ သူ့ဘက်လှည့်လာပြီး..။

"မောင်.."

ခေါ်လာသည့် ထယ်ယောင်းအသံကြောင့် ဂျောင်ကုမျက်ဝန်းများ ဝိုင်းစက်သွားသလို  ထူးဆန်းသလိုဖြင့် ထယ်ယောင်းအားစိုက်ကြည့်နေသည်...။

"မာမီအိမ်မှာ မကောင်းဘူးလေ ကိုယ့်ဘာသာဖြေရှင်းလိုက်နော်.."

သူ့အပြောအား ကိုကိုကသဘောကျစွာပြုံးပြီး...။

"ကြိုးစားကြည့်မယ် ကိုယ့်ဘာသာဖြေရှင်းဖို့၊ ဒါပေမယ့် မောင့်ကိုတစ်ခုကူညီ.."

‌ကိုကိုအပြောအား သူခေါင်းငြိမ့်လိုက်မိတော့ ကိုကိုက သူ့နူတ်ခမ်းသားအား နမ်းရိူက်လာသည်၊ ထိုအနမ်းတွေကို သူမတားမြစ်ခဲ့ပါ..၊

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Nơi câu chuyện tồn tại. Hãy khám phá bây giờ