𝗝𝗲𝗼𝗻 1

6.5K 405 33
                                    

Unicode...

"အသေးလေးရေ"

"သားဂျောင်ကုလာလေ...."

"အန်တီမီယောင်းလေးရော...."

"အပေါ်ထပ်မှာ ဘာတွေကောက်နေပြန်ပြီလဲ မသိပါဘူး စောင့်စောင့်အောင့်အောင့်နဲ့အပေါ်ထပ်တက်သွားလေရဲ့ သားကိုကောက်လာပြန်ပြီမလား ကဲသွားချော့လိုက်အုန်းနမိုဆို အဲ့ကောင်လေးအကြောင်းသိတယ်မလား လူကသာသေးတာ စိတ်ကလဲကြီးပါ့..."

"ဟုတ်တယ် အန်တီမီ အဲ့ဒါဆိုသားသွားလိုက်အုန်းမယ်..."

"ခနနေဆင်းလာခဲ့နော် သားလဲထမင်းစားသွား.."

"ဟုတ်ကဲ့အန်တီမီ..."

အပေါ်ထပ်ကို ပြေးတက်သွားတဲ့ ဂျောင်ကုကိုကြည့်၍ ကင်မ်ဆွန်းမီခေါင်းခါမိသည် ဟိုကလဲကောက်စိန် ဒီကို‌တော်ချောကလဲ ဟိုဟာလေးမျက်နှာပျက်ရင် အသည်းအသန်လိုက်ချော့ ဟုတ်တော့ဟုတ်နေပြီ....။

"အသေးလေးးကိုကိုလာတယ်လေ..."

"........"

"ကိုကိုအသေးလေးက ခေါင်းမှူးခြုံနေတော့အသက်ရူကျပ်မှာပေါ့အသေးလေးရဲ့..."

"......"

"ကိုကိုရဲ့ယောင်းလေး ရေခဲမုန့်စားချင်လား.."

"......."

"ကိုကိုနဲ့ စတော်ဘယ်ရီကိတ် သွားစားကြမယ်လေ..."

"......."

ဂျောင်ကုပြောသည်ကို စကားတစ်ခွန်းမှ ထွက်မလာ ခေါင်းမှူးခြုံလျက်သားအသေးလေးကြောင့် ဂျောင်ကုသက်ပြင်းသာချမိသည် ဒီဟာလေးက တကယ်ကောက်တေးလေး...။

"‌အသေးလေးက ကိုကိုကိုယ်စကားမပြောချင်ဘူးဆိုတော့ ကိုကိုပြန်တော့မယ်နော်..."

စိတ်မ‌ကောင်းဖြစ်နေသည့် လေသံနဲ့ပြောလိုက်တော့မှ ခေါင်းမှူးခြုံထားတဲ့ စောင်ထဲကနေ ခေါင်းလေးထွက်လာတဲ့ အသေးလေး ကိုစိတ်မကောင်းရင် ဒီကောက်တေးလေးမနေနိုင်တာ ဂျောင်ကုသိတာပေါ့....။

"ကိုကို ယောင်းလေး နောင်မဆိုးတော့ဘူးနော် ကိုကိုမလိုက်စေချင်ရင်ယောင်းမလိုက်တော့ဘူး ယောင်းလိမ်မာပါ့မယ် ကိုကိုစိတ်မကောင်းမဖြစ်နဲ့နော် နော်ကိုကိုနော်..."

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now