𝗝𝗲𝗼𝗻 19

3.3K 232 70
                                    

Unicode...

ဝရံဒါရှေ့ထွက်နေသည့် ကလေးငယ်ကိုကြည့်၍ အလုပ်တွေကို လက်စသတ်ကာ ကော်ဖီတစ်ခွက်ကို ကိုင်၍ ကျန်သည့်လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ကာ ‌ဝရံဒါရှေ့ထွက်လာသည့်ဂျောင်ကု..။

"ကိုကို..."

"ဗျ..."

"ဒီဘက်တိုး.."

သူ့ဘေးနား တိုးခိုင်းနေသည့် ကလေးငယ်၏ ကျောပြင်နောက်မှ ပခုံးပေါ်နှင့် ဂျိုင်းအောက်လက်တစ်ဖက်ဆီ ဝင်ကာသိုင်းဖက်လိုက်ပြီး၊ လက်ထဲက ကော်ဖီခွက်ကိုလဲမမှောက်စေရ..။

"အေးနေပြီလား.."

သူမေးသည့်ကို သူ့မျက်နှာကိုစောင်းငဲ့ကြည့်၍ ပြုံးစစရုပ်လေးဖြင့်..။

"စောနကတော့ အေးတယ် ခုကိုကိုဖက်ထားလို့မအေးတော့ဘူး.."

ချစ်စရာကောင်းလောက်သည့် စကားလုံးကိုရွေးပြောတတ်တဲ့ အသေးလေး၏ခေါင်းလုံးလုံးလေးကို နှာခေါင်းဖြင့်အသာနမ်းလိုက်မိသည်..။

"စကားတတ်တယ်ကွာ.."

"ကိုကို.."

"ဗျ.."

ခိခိခိ....

သူ့ပြန်ဖြေ‌လိုက်တော့ ရယ်သံလေးတွေထွက်လာသည့် ကလေးငယ်က သူထူးလိုက်သည်ကို သဘောတကျရယ်သေးသည်..။

"ဟောဗျာ ဘာရယ်စရာပါလို့လဲ.."

"ကိုကိုကချစ်ဖို့ကောင်းလို့.."

"ချစ်ဖို့ကောင်းရင် ဆုချရတယ်.."

"ဆုချရမှာပေါ့ ဒီတိုင်းလေးနေနော်.."

သူ့ကိုပြောပြီးတာနဲ့ ဘောင်းဘီအိတ်ထဲက ဖုန်းကိုနိူက်၍ထုတ်ကာ ကင်မရာချိန်နေသည့်အသေးလေးကြောင့်..။

"ဘာလုပ်မလို့လဲ.."

"ဓာတ်ပုံရိုက်မလို့ ခေါင်းလေးနဲ့နဲ့ငုံ့ပေး.."

အနဲငယ်မြင့်နေသည့် သူ့အရပ်ကြောင့် ဖုန်းနှင့်ချိန်နေသည့် လက်ကလေးက မြှောက်လို့ပင်..။

"ဖုန်းကိုယ့်ကိုပေး.."

သူတောင်းလိုက်တော့ ချက်ခြင်းပင် လက်ထဲထည့်ပေးလာသည့် အသေးလေးကြောင့် လက်ထဲက ကော်ဖီခွက်လေးကို ဘေးကိုချကာ..။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now