Unicode...
1နှစ်ကျော်ကြာပြီးနောက်......
တစ်ခြားလူတွေပြောသလို အဝေးကိုထွက်သွားသူကနာကျင်ရတာလား ကျန်ခဲ့တဲ့လူကနာကျင်ရတာလား...
သေချာတာကတော့ ကိုကိုက နာကျင်ခဲ့ရင်တောင် စာတစ်စောင်နဲ့ထားခဲ့ခံရတဲ့ သူ့ရဲ့နာကျင်မူက ကိုကိုရဲ့နာကျင်မူထက် မလျော့ခဲ့တာပေါ့...
လူဆိုတာမွေးကတည်းက တစ်ယောက်တည်းမွေးလာသလို သေရင်လဲတစ်ယောက်တည်းသာ ထွက်ခွာသွားရမှာကို သူ့မေ့လျော့နေခဲ့ပြီး ကိုကို့ကိုယ်သာတွယ်ကပ်ခဲ့မိသည်..၊
ကိုကိုသူ့အနားက ထွက်သွားခဲ့တော့ သူ့အတွက်အကြီးမားဆုံး ကွက်လပ်ကြီးတစ်ခုလွတ်သွားသလို ထမင်းစားမဝင်သလို ကျောင်းလဲပုံမှန်မတက်ဖြစ်ခဲ့ အရင်ကလိုဆူညံ့နေသည့် သူရဲ့အသံတွေဟာလဲ
တစ်ဖြေးဖြေးပျောက်ကွယ်လာသည် အချိန်တစ်ခုရောက်မှ ကိုကိုကမာမီဖုန်းအားဆက်သွယ်လာပေမယ့် သူ့ကိုမေးရင် ရှောင်ဖယ်သွားတတ်တာကလွဲရင်ပေါ့ အရင်ကလိုကိုကိုနဲ့သူစကားမပြောချင်ပါ ပြီးတော့လဲ ကိုကိုရဲ့အရိပ်တွေအောက်မှာ သူ့မနေချင်တာကြောင့် အထက်တန်းပြီးတယ်ဆို တိုက်ခန်းတစ်ခုမာမီကို ပူဆာကာဝယ်ခိုင်းတာကြောင့် ခုဆို ကိုကိုရဲ့အရိပ်အောက်ကသူ့ရုန်းထွက်နိုင်ပြီလေ......။.
"လွမ်းတယ်ကိုကို..."
သူ့ကိုယ်သူရယ်ကာ လက်နှင့်ခေါင်းကိုထုလိုက်မိသည် ဘယ်လောက်ပဲကိုကိုအရိပ်အောက်ကရုန်းထွက်နိုင်ပါစေ နေ့ရက်တိုင်းလိုလို ကိုကိုအကြောင်းကိုမှ မစဉ်းစားပဲမနေရရင် သူ့မနေနိုင်ပါ ရုန်းထွက်နိုင်ပြီထင်ပေမယ့် ရစ်ပတ်ထားခံရမြဲပါပဲလား။
ကိုကိုနိုင်ပါတယ် ယောင်းပဲရူံးခဲ့တာပါ...
____________________________
"အဆင်ပြေရဲ့လားဂျောင်ကု.."
သူ့ပခုံးကိုပုတ်ကာ ပြောလာသည့်လက်တစ်စုံကြောင့် သူ့မော့ကြည့်ကာ..။
"ပြေပါတယ်ဟျောင်းရာ.."
"ဖုန်းမပြောသေးဘူးလား.."
တစ်ဖက်ကပြောလာတဲ့ ဟျောင်းကြောင့် သူ့ပြုံးမိနေပါလိမ့်မည် ဘေးကလူတွေတောင်ပြောနေပြီ ကိုကိုရဲ့အသေးလေးရေလိုသာ သူအော်ပြောလိုက်ချင်ပါသေးတယ်..။
YOU ARE READING
𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}
Fanfiction~ယောင်းရဲ့ကိုကို~ "ကိုကို ယောင်းကိုဟိုရှေ့ဆိုင်ကရေခဲမုန့်ဝယ်ကျွေး...." "ကလေးလား..." "အင်းကိုကိုရဲ့ကလေး..." ~ကိုကိုရဲ့ကလေးငယ်~ 𝑺𝒕𝒂𝒓𝒕 𝑫𝒂𝒕𝒆~16.12.22 𝑬𝒏𝒅 𝑫𝒂𝒕𝒆~9.3.23 ယောင်းရဲ့ကိုကို "ကိုကို ယောင်းကိုဟိုရှေ့ဆိုင်ကရေခဲမုန့်ဝယ်ကျွေး...." "က...