𝗝𝗲𝗼𝗻 11

3.9K 294 20
                                    

Unicode...

"ကိုကိုရူးမတက်လွမ်းနေတာ...."

သူကိုကို့ကိုယ် ငေးကြည့်‌မိပါသည် 3နှစ်ကျော်မတွေ့ရတဲ့ ယောင်္ကျားတစ်ယောက်က ဘာလို့များ ပို၍ကြည့်ကောင်းလာရတာလဲ
သူကိုကို့ကိုယ် မျက်မှောင်ကျုံ့ကာ ကြည့်လိုက်မိသည်ထင်ပါတယ် 3နှစ်ကျော်ခွဲခွာရတဲ့ ဒီခပ်ချောချောယောင်္ကျားက မိန်းကလေးတွေနဲ့ မပတ်သတ်ဘူးလို့ ဘယ်သူပြောနိုင်လဲ..။

ကိုယ်ကို မျက်မှောင်ကျုံ့ကာ မျက်တောင်မခတ်တမ်းကြည့်နေတဲ့ အသေးလေးကြောင့်
‌သူ့အသေးလေးရဲ့ ခါးလေးကို လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ဖက်လိုက်တော့မှ  တစ်အင်းအင်းနဲ့ ‌သူရင်ဘတ်တွေကို ထုကာ..။

"အကိုဂျောင်ကု ယောင်းကိုလွှတ်ပေး.."

မမျှော်လင့်ထားတဲ့ အခေါ်ဝေါ်ကြောင့် သူ့ကြောင်သွားတာကြောင့် အသေးလေးခါးပေါ်က လက်တွေကလဲ ဘယ်ချိန်ကဘယ်လိုလွှတ်လိုက်မှန်းမသိ...။

"ကိုကို့ကိုယ် ဘယ်လိုခေါ်လိုက်တာလဲ.."

သူ့မျက်နှာကို တည့်တည့်ကြည့်ကာ မေးလာတဲ့ ကိုကိုမျက်နှာကြောင့် သူ့မဖြေတတ်ပါ ဘာကြောင့်အကိုဂျောင်ကုဟု၍ နာမ်စားကို သူ့သုံးမိလိုက်လဲမပြောတတ် ကိုကို့ကိုယ်သူထို၍ခေါ်ဖို့ စိတ်ပင်မကူးထားပေမယ့် သူ့ပါးစပ်က မထိန်းနိုင်ပဲ ထွက်သွားခဲ့တာ..၊
ကိုကိုပြန်လာရင် သူကိုကိုရင်ခွင်ထဲ ပြစ်ဝင်ကာ ထုရိုက်ပြီး စိတ်ဆိုးမည်ဟုတွေးထားပေမယ့် စိတ်ကူးနဲ့လက်တွေ့က ထပ်တူမကြခဲ့ပါ..။

"ယောင်း တက္ကသိုလ်ကျောင်းသား ဖြစ်နေပြီ.."

ထိုစကားတစ်ခွန်းနဲ့တင် ဂျောင်ကုခြေ‌လှမ်းတွေဟာ အနောက်သို့ တစ်ချက်ယိုင်သွားသည် ဘာလို့ဆို အသေးလေးပြောသည်ကိုသူနားလည်ပါသည် တက္ကသိုလ်ကျောင်းသားဖြစ်တာမို့ အသေးလေးကကိုကိုဟုခေါ်ရမှာ ရှက်သွားသည့်သဘောမဟုတ်လား ဒါဆိုကိုကိုဟုဆိုကာ ခေါ်တတ်တဲ့ ကိုကိုအသေး‌လေးကို ရှေ့တင်မှာထားပြီး သူ့အရင်အချိန်တွေကို လွမ်းဆွတ်ရမှာလား..။

သူကိုကို့ကိုယ် ကြည့်‌မိတော့ ကိုကိုမျက်နှာက အံ့ဩသွားသည့်ပုံစံခနသာပြကာ မျက်နှာညိုးသွားတာကို သူ့တွေ့မိပြန်တော့စိတ်မကောင်းပါ ဒီနေ့သူမထင်ထားပဲ ကိုကိုကပြန်ရောက်လာပြီး သူစိတ်ထဲကမပါသည့်စကားတွေလဲ ပါးစပ်ကတားမရအောင်ထွက်လာသည် တကယ်ဆိုမတွေ့တာကြာသည့် ကိုကို့ကိုယ် တင်းတင်းကြပ်ကြပ်ဖက်ပြီး
သူဆိုးရမှာမဟုတ်လား သူကိုကို့ကိုယ်သိပ်လွမ်းနေခဲ့ရကြောင်း ထုတ်ပြောရမှာမလား ဘာကြောင့် ဘာကြောင့်များ ကိုကို့ကိုယ်နာကျင်စေသည့် စကားတွေကိုသာ ပြောနေမိလဲ သူကိုယ့်ကိုယ်ကို နားမလည်နိုင်ပါ..။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now