𝗝𝗲𝗼𝗻 2

4.6K 345 10
                                    

Unicode....

"မင်းနောက်တစ်ခါ ငါဘာခိုင်းခိုင်းဘာမှလာမပြောနဲ့လုပ်ဆိုလုပ် ဝယ်ဆိုဝယ်လိုက် ငါပြောတာကြားလား..."

"ဟုတ် ဟုတ်.."

ဘာလိုလိုနဲ့ ယောင်းက အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်နေပြီ ရုပ်ချောသလောက် စာပေးခြင်းခံရသည်မှာလဲခနခန မိန်းကလေးတင်မကပဲ
ယောင်္ကျားလေးတွေကအစ စာပေးသည်အထိ ချစ်စရာကောင်းလောက်အောင်ပြောတတ်ပြီး စိတ်ထားကောင်းတာမို့ လူချစ်လူခင်ကလဲ ပေါပါသေးသည်၊ လူချစ်လူခင်ပေါသလောက် သူငယ်ချင်းရယ်လို့များများစားစားမရှိပါ ဘာလို့ဆို
ကိုကိုကမကြိုက်ဘူးလေ ကျွန်တော်မှာသူငယ်ချင်းအရင်းကြီးဆိုလို့ ဂင်ဆယ်ဟွန်းဆိုတဲ့ သူငယ်ချင်းမလေး တစ်ယောက်သာရှိသည်...။

"သူတို့ကဘာလို့ သူများမနက်စာယူစားတာလဲမသိဘူး ပြီးတော့ ဟိုကောင်လေးကလဲဘာလို့ဘာမှမပြောတာလဲ...."

"အဲ့ဒါကကားတွေထဲမှာ တွေ့ဖူးတယ်မလား လူမိုက်လိုလို အာဏာရှိတဲ့လူလိုလိုနဲ့လေ အပြင်ပိုင်းမှာဂိုဏ်းစတားကြီးလိုလိုဘာလိုလိုနဲ့ပေါ့ သူတို့လဲအဲ့လိုပဲသူတို့နိုင်တဲ့လူတွေဆို အရမ်းဖိနှိပ်ကြတာ..."

"အဲ့ဒါဆို အဲ့ကောင်လေးက သနားပါတယ်.."

"အေး သနားရင်အဲ့လိုကောင်တွေနဲ့ဝေးဝေးရှောင် အဲ့ကောင်လေးနေရာမှာနင်မရောက်ချင်ရင်..."

"မကြောက်ပါဘူး ငါရှေ့မှာငါ့ကိုကိုတစ်ယောက်လုံးရှိတယ်
ဒါနဲ့သူတို့လုပ်သမျှခံ‌နေရတဲ့ ကောင်လေးကို
ငါတွေ့ဖူးသလိုပဲ..."

"ဟဲ့ အဲ့ဒါငါတို့အခန်းထဲက‌လေ သူနာမည်ကဘာပါလိမ့် ငါနာမည်တစ်လုံးတော့ပါတယ်ဂျီ.....ဂျီဟွန်းဆိုလားပဲ..."

"ဂျီဟွန်းလား သူကစိတ်ဝင်စားဖို့ကောင်းတယ် ငါသူနဲ့သူငယ်ချင်းဖြစ်ချင်တယ် ငါသူနဲ့ခင်ချင်တယ်..."

"ထားပါအတန်းထဲသွားကြစို့ အတန်းပိုင်ဘယ်လောက်လက်သံပြောင်လဲ သိတယ်မလား စကားမများနဲ့..."

"သိတယ် သိတယ် ပြောရင်းဖင်တောင်ကျိန်းလာသလိုပဲသွားမယ်.."

*****

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now