𝗝𝗲𝗼𝗻 29

2.8K 200 30
                                    

Unicode...

"မင်နာနင့်ကို CEOဂျွန်ဂျောင်ကုက ကျေနပ်လိမ့်မယ်လို့နင်ထင်နေတာလား"

ယောင်းဟွာအပြောကို မင်နာကိုင်ထားသည့် ဝိုင်ခွက်အား တစ်ချက်မော့လိုက်ပြီးကာမှ ပြုံးရုံဆိုသလောက် နူတ်ခမ်းထက်ခပ်မဲ့မဲ့အပြုံး တစ်ခုဆင်မြန်း၏ ပြုံးလိုက်သည်။

"နင်ရောဘယ်လိုထင်လဲ ယောင်းဟွာ"

"ငါ့အထင်ဆို နင့်ကိုရှေ့ဆက်မတိုးစေချင်ဘူးမင်နာ"

သူ့အပြောကိုခေါင်းခါပြသည့် ‌မင်နာကြောင့် ယောင်းဟွာ ငေးကြည့်ယုံကလွဲရင်ဘာတတ်နိုင်အုန်းမှာလဲ။

"ခုမှ ခြေလှမ်းကစယုံပဲရှိသေးတာကို ငါ့ကိုအလံဖြူပြခိုင်းနေတာလားယောင်းဟွာ ငါ့ဘဝမှာ ငါလိုချင်တာဆို မရရ‌အောင်ယူတတ်တယ်ဆိုတာ နင်မေ့နေတာလား"

"နင်ဂျွန်ဂျောင်ကုကိုမချစ်ဘူး နင့်ရဲ့မာန နင့်ရဲ့အတ္တကိုရှေ့တမ်းတင်နေတာ တကယ်တော့ အဲ့ဒါအချစ်မဟုတ်ဘူး မင်နာ"

"ချစ်တာမချစ်တာထက် ဂျွန်ကိုအပိုင်လိုချင်တာ"

"အဲ့ဒါဆို နင်ဘာဆက်လုပ်မလို့လဲ မင်နာ၊ သေချာတာကတော့ နင်အလုပ်ပြုတ်သွားပြီဆိုတာတော့သိတယ်မလား နင့်ကိုဂျွန်ဂျောင်ကုကအလုပ်မဖြုတ်ပဲနဲ့တော့ နေမှာမဟုတ်ဘူး"

"နင်ဘယ်လိုထင်လဲ ငါဂျွန်အချစ်ကိုရမယ်လို့ထင်လား"

"အချစ်စစ်တစ်ခုမှာ ယောင်္ကျားမိန်းမဆိုပြီး ခွဲခြားထားတာမရှိဘူး ကိုယ်ချစ်နေတဲ့လူကဘယ်လိုဖြစ်တည်မူပဲဖြစ်ဖြစ် သူ့ကိုချစ်နေရင် သူ့ရဲ့ဖြစ်တည်မူကိုလက်ခံရတယ်"

"နင်ဆိုလိုချင်တာက"

"ငါကြားသလောက်က သူ့တို့ဆက်ဆံရေးကနင်ထင်သလို ကွဲပြိုသွားမယ့်ဆက်ဆံရေးမဟုတ်ဘူးမင်နာ ငယ်သံယောဇဉ် အချစ်ဦး ပထမအချစ်နဲ့နောက်ဆုံးအချစ် နင်ရှေ့ဆက်မတိုးသင့်ဘူး"

"ဟဟားးဟားးး!!!"

သူ့စကားအဆုံးထရယ်သည့် မင်နာကို ယောင်းဟွာ ငေးကာကြည့်နေမိသည်၊ ရယ်သံအဆုံး သူ့ဘက်သို့ လှည့်ကြည့်လာသည့်မင်နာမျက်ဝန်းတွေက နီမြန်းနေသည်။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Nơi câu chuyện tồn tại. Hãy khám phá bây giờ