𝗝𝗲𝗼𝗻 22

3.8K 237 20
                                    

Unicode...

အောင့်ထား၍မရတော့သော ဆီးကြောင့် မလှုပ်ချင်ပဲနိူးလာရသည်က ကင်မ်ထယ်ယောင်းပင်..။

သူ့ခန္ဓာကိုယ်အား အနည်းငယ်လှုပ်လိုက်သည်မှာ သူ့ရဲ့မပြောအပ်သည့် အောက်ပိုင်းတစ်နေရာက ဆူးခနဲနာကျင်မူကြောင့် မျက်နှာတွင်လဲ နာကျင်မူကြောင့် ရူံ့မဲ့သွားရသည်..၊
သူ့ရဲ့ခါးတစ်ဝိူက်ပေါ်က လက်တူးတွေနဲ့ ကိုကိုရဲ့လက်တစ်ဖက်ကို သူ့လက်ဖြင့်မကာ ဖယ်တော့ ခါးပေါ်က ကိုကိုရဲ့လက်က ဖယ်မသွားသည့်ပြင် ပို၍တင်းကြပ်စွာ ဖက်လာသောကိုကိုကြောင့်...။

"အ့.."

သူ့အသံပင် ထွက်လာရလောက်သည့်ထိ နာကျင်သွားတာကြောင့် သူညည်းလိုက်မိပေမယ့် သောင်းကြမ်းချင်တိုင်း သောင်းကြမ်းထားသည့် လူဆိုးကြီးကတော့ တစ်ချက်ပင် မနိူးသွားပါ..။
သူ့ခါးပေါ်က ကိုကိုရဲ့လက်အား ညှင်သာမနေနိုင်တော့ သူ့လက်ဖြင့် ကိုကိုလက်မောင်းအား တစ်ဖြန်းဖြန်းရိုက်ကာ ..။

"ကိုကိုလွှတ်...ကိုကို!!!!"

"အင်း~~~~"

မျက်လုံးနှစ်ဖက်ပင် မဖွင့်ပဲ အိပ်ပျော်နေသည့် ကလေးတစ်ယောက်ကို အမေတစ်ယောက်ကအတင်းနိူးသလို အင်းဟု၍ အသံအရှည်ဆွဲကာ စိတ်မရှည်သည့်အသံကြောင့်..။

"ကိုကို!!လက်ကိုလွှတ်ပေးအုန်းလို့ ပြောနေတာကို.."

သူအော်ကာ ပြောလိုက်တော့မှ ကိုကိုရဲ့မျက်လုံးနှစ်ဖက်ပွင့်လာပြီး..။

"ဘာဖြစ်လို့လဲ အိပ်မပျော်လို့လား.."

ပြောချင်တာပြောပြီး သူ့ခါးပေါ်ကကိုကိုလက်တွေက တင်းကာဖက်လာသည့်ကြောင့်..။

"ကိုကို လွှတ်အုန်း ရှူးသွားပေါက်မလို့.."

သူပြောလိုက်တော့မှ ခါးပေါ်ကကိုကိုလက်တွေကဖယ်ခွာသွားပြီး တစ်ဖက်လှည့်သွားကာ ဆက်အိပ်သည်..၊
အောင့်တီး၍မရတော့သော ဆီးကြောင့် ကျုံးထလိုက်တော့မှ အောက်ပိုင်းကနာကျင်မူကြောင့် မျက်ရည်တွေဝိုင်းကာ ပါးပြင်ပေါ်ထက် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာသည့်အထိ နာကျင်သည်..။
တစ်ဖက်လှည့်အိပ်နေသည့် ကိုကိုရဲ့လက်မောင်းသားအား ခပ်ဆက်ဆက် ရိုက်ကာ..။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now