𝗝𝗲𝗼𝗻 16

4K 269 51
                                    

Unicode....

ယောင်း!!!!!

"ယောင်း! ကိုကို့ကိုယ်တံခါးလာဖွင့်ပေး..."

တိုက်ခန်းဘဲလ်ကို‌ အဆက်မပျက်တီးကာ တံခါးရှေ့က အော်ခေါ်နေသည့် ကိုကိုအသံ‌ကြောင့် ရေချိုးခန်းထဲက အပြေးလေးထွက်ကာ တံခါးသွားဖွင့်ပေးရသည်...။

မဟုတ်ရင် ဘေးခန်းတွေကိုအားနာစရာကြီး ဒီကိုကိုတစ်ယောက်နဲ့တော့ ကိုဘာသာဖွင့်ဝင်မလာဘူး..၊

တံခါးဖွင့်ပေးလိုက်တော့ သူ့ကိုယ်ပေါ်ယိုင်ကျလာတဲ့ ကိုကိုခန္ဓာကိုယ်ကြောင့် အောက်ကျမသွားအောင် ထိန်းထားရသေးသည်..။

အရက်နံမွှန်ထွန်လာတဲ့ ကိုကိုခန္ဓာကိုယ်ကြောင့် သူ့နှာခေါင်းရူံ့လိုက်မိပြီး...။

"ကိုကိုသတိထားအုန်းလေ ဘယ်လိုတွေတောင်သောက်လာတာလဲ..."

ပြောလဲ ပြန်မပြောနိုင်သည့် အရက်မူးသမားကို မနိုင်မနင်း တွဲကာ အခန်းထဲသို့
တွဲရသည်၊ အခန်းထဲရောက်တာနဲ့ ကိုကိုခန္ဓာကိုယ်ကို ကုတင်ပေါ်တင်လိုက်တော့ ကုတင်ပေါ်ကန့်လန့်မှောက်နေသည့် ကိုကို့ကိုယ် ကြည့်ကာ သူသက်ပြင်းချလိုက်မိသည်...၊

ဗွီဒိုထဲကညဝတ် အင်္ကျီနဲ့ဘောင်းဘီကိုထုတ်၍ ကိုကို့ကိုယ်လဲပေးရန် ပြင်လိုက်ပြီး၊ ကိုကိုအင်္ကျီ ကြယ်သီးတွေကိုတစ်လုံးခြင်းဖြုတ်ရင်း သူ့လက်‌တွေ တွန့်ဆုတ်နေမိသည်...။

ဒီတိုင်းပဲအိပ်ခိုင်းလိုက်ရမလား လဲပေးရမလား တွေဝေနေမိရင်း အာ~~~မသိတော့‌ဘူး~~~၊

မမြင်တာကြာသည့်ကိုကို ခန္ဓာကိုယ်ကို ကြည့်လို့ သူတွန့်ဆုတ်နေမိသည် အရင်ကခနခနတွေ့ဖူးပေမယ့် မတွေ့တာကြာသည့် အချိန်တစ်ခုတွင်း အဖုအထစ်တွေများလာသည့် ကိုကိုရဲ့ဝမ်းဗိုက်တစ်လျှောက်..၊

သူအကြည့်လွှဲလိုက်ပြီး ကိုကို့ကိုယ် အင်္ကျီအမြန်ဝတ်ပေးလိုက်သည် ထုတ်ထားသည့်ဘောင်းဘီကတော့ မလဲပေးဖြစ်လိုက်...။

ဟင်!

အင်္ကျီလဲပေးပြီးသည်နှင့် ရေချိုးခန်းထဲသွားရန် ထလိုက်တော့ လက်ကောက်ဝတ်ကို ဆုတ်ကိုင်လာတဲ့ လက်တစ်ဖက်ကြောင့် သူမျက်လုံးပင် အနည်းငယ်ကျယ်ကာ လှည့်ကြည့်လိုက်တော့ သူ့ကိုမျက်လုံးမှေးကာ ကြည့်နေသည့်ကိုကို..၊

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now