𝗝𝗲𝗼𝗻 25

3.1K 227 19
                                    

Unicode...

"ကိုကိုထ....."

အိပ်ယာထပ်အိပ်ပျော်နေသည့် ဂျောင်ကုလက်မောင်းအား ထယ်ယောင်းသူ့လက်ဖြင့်အသာ လှုပ်ကာ နိူးပေမယ့် နိုးမလာ..။

"ကိုကိုထဆို!!.."

သူအိပ်ယာပေါ်ကမထခင်ထဲက နိူးသွားတာကို သန့်စင်ခန်းထဲက သူပြန်ထွက်လာသည့်ထိ ခေါင်းအုန်းအား ဖက်အိပ်နေသည့် ကိုကိုအား ထပ်မံနိူးရသေးသည် ဒါပေမယ့် သူ့အသံတွေကအရင်လို သာယာမနေတော့ပါ အနဲငယ် ဒေါသထွက်လာလို့ပင်...။

"မထဘူးလား ရတယ်လေအိပ်.."

နောက်ဆုံးအနေနဲ့ သူပြောလိုက်ပေမယ့် ကိုကိုကမထသည့်အပြင် တစ်ဖက်လှည့်ကာ အိပ်နေတာကြောင့် စိတ်တိုမိသည်၊ သူ့အတွက်အခက်ခဲဆုံး အချိန်ကိုပြပါဆိုရင် အအိပ်မက်တဲ့ ကိုကိုအားနိူးရသည့်အချိန်ဟု၍သာ သူဖြေမိပါလိမ့်မည်..။

တစ်ဖက်လှည့်သွားသည့် ဂျောင်ကုမျက်နှာကြောင့် ဂျောင်ကုလှည့်အိပ်နေသည့်ဘက်ခြမ်းအား ထယ်ယောင်းရွေ့သွားလိုက်သည်၊ ဂျောင်ကုမျက်နှာအားကြည့်ကာ ထယ်ယောင်းမျက်နှာထက် အမည်မသိသည့် အပြုံးတစ်ခု ဖန်တီးလိုက်၏..။

စားပွဲပေါ်ရှိ လိုအပ်သည့် ပစ္စည်းယူကာ ကိုကိုမျက်နှာအား လိမ်းချယ်လိုက်သည်၊ နောက်ဆုံးအနားသပ်အနေနဲ့ ခေါင်းအုန်းအား ဖိအိပ်ထားသည့်ကိုကိုကြောင့် နူတ်ခမ်းသားက အနဲငယ်ဆူထွက်နေသည့်နေရာအား ခပ်ရဲရဲနူတ်ခမ်းနီ ဆိုးပေးလိုက်မိသည်..။

ကိုကိုအားသူကြည့်၍ ပါးစပ်ကိုလက်တစ်ဖက်ဖြင့်ပိတ်ကာ တစ်ခိခိခိရယ်မိသည်၊ထိုပေမယ့် သူပြင်လိုက်သည်က ကိုကိုတွက်ရုပ်မဆိုးသွားပဲ ချစ်စရာပို၍ကောင်းနေသည်မှာ လိမ်၍မရပါ..။

သူရယ်သံကြောင့် တစ်အင်းအင်းနဲ့ အပျင်းကျောဆန့်ကာ လူပ်လူပ်ရှားရှား ဖြစ်လာသည့် ကိုကိုကြောင့် မျက်နှာထားအား မနည်းပြန်တည်လိုက်ပြီး..။

"ကိုကိုထတော့ မာမီအောက်မှာစောင့်နေပြီ.."

သူကိုကိုအား ဆွဲထူ၍ပြောလိုက်သည် အလုပ်ပိတ်ရက်မို့ မာမီဆီသွားချင်တယ်ဆိုသည့် သူ့ပူဆာမူကြောင့် မနေ့ညထဲက မာမီအိမ်မှာ ညလာအိပ်ခြင်းပင် ခုလဲအောက်ထပ်က စကားပြောနေသံကြောင့် သေချာပေါက် တီတီယွန်းရောက်နေသည့်ဆိုတာ ပြေးဆင်းကြည့်စရာမလိုအောင် သေချာသည်..။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now