𝗝𝗲𝗼𝗻 12

3.9K 274 30
                                    

Unicode...

"ယောင်းလေး လူနာက မင်မင်နော်.."

ဆေးရုံလာပြီး လူနာကိုပန်းသီးခွံ့ကျွေးမယ်မရှိဘူး အကောင်းတိုင်းရှိနေတဲ့ ဂျောင်ကုကိုတစ်စိတ်ပြီး တစ်စိတ် ခွံ့ကျွေးနေတဲ့ ယောင်းလေးကို မကြည့်နိုင်တဲ့အဆုံး ပြောလိုက်တော့.။

"မင်မင်က ခြေထောက်အရိုးအက်တာလေ လက်အရိုးအက်တာမှမဟုတ်တာ ကိုဘာသာယူစားပေါ့.."

ထယ်‌ယောင်းအပြောကြောင့် ဂျီမင်မျက်လုံးပြူးကာ အံ့ဩရသေးသည် ဘေးက‌ဂျောင်ကုကိုကြည့်လိုက်တော့လဲ ပြုံးစိပြုံးစိနဲ့ အားပေးအားမြှောက် ပတ်စ်ဂျီမင်တစ်ယောက် စိတ်ထဲတွင်သာ ရေရွတ်လိုက်မိသည်.။

$RSတွေ ဘယ်နေရာသွားသွားမလွတ်ဘူး အမလေး ပတ်စ်ဂျီမင်ဆိုတဲ့ သူ့အတွက်ဘယ်မှာလဲ တရားမျှတမူ ဆေးရုံရောက်နေတာတောင် ဆေးရုံထိလိုက်ပြီး ခွေးစာတွေလိုက်ကျွေးနေတယ်....၊

*********

"ကိုကိုငြိမ်ငြိမ်နေလေ ဘယ်လိုဖြစ်နေတာတုန်း.."

သူထိုစကားကို မနက်ထဲက ပြောနေရခြင်းပင် နိူးရတော့လဲ မနမ်းမချင်းမထဘူးဆိုကာ ရစ်နေတဲ့ လူကြီးကလေးကို နမ်းကာနိူးရသည် မျက်နှာသစ်တုန်းကလဲ သူကိုအနောက်ကဖက်ထားတာ လုံးဝမလွှတ်ဘူး ကော်လိုကပ်သည် ခုလဲနက်ကတိုင်ချည်ပေးနေတာကို ငြိမ်ငြိမ်မနေပဲ သူ့လည်ပင်းကို
တစ်ရူံ့ရူံ့နဲ့နမ်းနေတဲ့ ကိုကို့ကိုယ် သူပြောနေပေမယ့် တစ်ချက်မတွန့်သွားပဲ ဆက်နမ်းနေသည်..။

"ရော့ ကိုယ့်ဘာသာလုပ်တော့.."

စိတ်ပေါက်ပေါက်နဲ့ ရင်ဘတ်ကို နက်ကတိုင်နဲ့တွန်းကာပြောတော့မှ လက်တွေကို ဖမ်းယူဆုတ်ကိုင်လာတဲ့ ကိုကိုရဲ့လက်တွေ...။

"ကိုကို့ကိုယ်နမ်း.."

သူ့လက်နှစ်‌ဖက်ကို ရင်ဘတ်ပေါ်တင်ကာဆုတ်ကိုင်ထားလျက် ကိုကို့ကသူရဲ့မျက်နှာကို ရှေ့တိုးပေးကာ နမ်းခိုင်းသည်..။

"ဘာဆိုင်လို့လဲ မနမ်းပါဘူး.."

"ဘာမှမဆိုင်ဘူးလား မဆိုင်လဲနမ်း.."

ကိုကိုမျက်နှာက သူ့မျက်နှာနဲ့အရမ်းနီးကပ်လာတာကြောင့် သူ့မျက်နှာအနောက်သို့မော့လိုက်မိသည်..။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now