𝗝𝗲𝗼𝗻 15

3.8K 266 28
                                    

Unicode...

Ring....Ring...Ring...

Ring....Ring...Ring...

Ring....Ring...Ring...

အဆက်မပြတ်လာနေသည့် ဖုန်းသံကြောင့် ထယ်ယောင်းကြည့်လိုက်တော့ ဖုန်းနံပါတ်အစိမ်းကြီးမို့ ကိုင်သင့် မကိုင်သင့် စဉ်းစားနေရင်းထပ်ကာ လာနေသည့် ဖုန်းကြောင့် မကိုင်မချင်းခေါ်နေအုန်းမည်ဆိုတာ သိတာကြောင့် ကိုင်လိုက်မိသည်...။

"Hello ကင်မ်ထယ်ယောင်းလားမသိဘူး.."

"ခုပြောနေတာ ဘယ်သူလဲမသိဘူး..."

"လီလီမာမီ ဆိုမီပါ.... "

တစ်ဖက်ကစကားသံကြောင့် ထယ်ယောင်းအနည်းငယ်ကြောင်အနေမိ‌သော်လဲ ထိုအမျိုးသမီး၏စကားသံကြောင့် အံဩနေရင်းကပင် ပြန်လည်အသိဝင်မိသည်...။

"စကားလေးနဲ့နဲ့လောက်ပြောချင်လို့ ကင်မ်ထယ်ယောင်း အားရဲ့လားမသိဘူး.."

"ဟုတ်ကဲ့အားပါတယ်.."

ဖုန်းကိုင်ထားသည့် သူ့လက်တွေ တုန်ရီနေခြင်းကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်စိတ်လှုပ်ရှားနေလဲဆိုတာ မြင်သူတိုင်းသိနိုင်လိမ့်မည်...။

"ပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ လီလီရဲ့6နှစ်ပြည့်မွေးနေ့လေးကို ဂျောင်ကုနဲ့အတူလိုက်ခဲ့ဖို့ ဖိတ်ချင်ပါတယ် ဒါကလီလီရဲ့နောက်ဆုံးဆန္ဒလေးပါ.."

ပြောရင်း ထိုအမျိုးသမီး၏ အသံဟာ တိမ်ဝင်သွားတာကြောင့် သူ နောက်ဆုံး ဆိုတဲ့ စကားကိုပင်ပြန်လည်၍ ကြားယောင်မိသည်..။

"လီလီက ရှေ့ပတ်ဆို 6နှစ်ပြည့်ပြီ လီလီက ဂျောင်ကုရဲ့သမီးမဟုတ်ပါဘူး ဒါကိုထယ်ယောင်း စိတ်ရှင်းစေချင်ပါတယ်..

လီလီရဲ့အဖေက လီလီမွေးပြီးသိပ်မကြာခင်မှာ ယာဉ်တိုက်မူနဲ့ဆုံးပါးသွားခဲ့တာပါ
ဂျောင်ကုနဲ့ဆိုမီက Koreanမှာထဲကသူငယ်ချင်းတွေပါ ဆိုမီက လီလီအဖေနဲ့ နိုင်ငံခြားမှာ အကြောင်းပါပြီး ညားခဲ့ကြတယ်..

အမှတ်မထင်ပဲ နိုင်ငံခြားမှာ ဂျောင်ကုနဲ့ အလုပ်တစ်ခုကြောင့် ပြန်ဆုံကြတယ်
အဖေမရှိပဲ ကြီးပြင်းခဲ့ရတဲ့ လီလီက ဂျောင်ကုကို တွေ့တွေ့ခြင်း‌ 'လီလီကသူ့ရဲ့မွေးစားဒယ်ဒီလုပ်ပေးပါလား' လို့ဂျောင်ကုကိုမေးခဲ့ဖူးတယ် ဂျောင်ကုက ခေါင်းမငြိမ့်သလို ခပ်တည်တည်အတိုင်းပဲနေခဲ့တယ်..။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now