𝗝𝗲𝗼𝗻 27

3.3K 210 52
                                    

Unicode...

ရာသီတွေအလီလီကုန်ဆုံးသွားပြီးဆောင်းရာသီအား ကူးပြောင်းတော့သည်..၊

လေပြေများတိုက်ခိုက်၍ အုပ်မိူင်းသည့် ရာသီဥတုကြောင့် ဆိုးလ်‌မြို့လေးဟာ အရင်ထက်ပို၍ အေးသထက်အေးမြ၏၊ ထိုသို့အေးမြသည့်ရာသီဥတုကြောင့် စောင်ထဲ၌လုံးထွေး၍ပတ်ကာ ခေါင်းပင်မပေါ်တော့သည့် ထိုလူသားငယ်လေးအား
ဂျောင်ကုနိူးရတော့သည်..။

"မောင့်ကလေးလေး ထတော့လေ.."

ပြောလိုက်သည့်စကားအား ချက်ခြင်းပြန်ဖြေမလာပဲ ခဏကြာတွေ ပြန်ဖြေလာသည့် အသံလေးဟာ ခပ်တိုးတိုးနှင့် ခပ်အပ်အပ်အသံလေး..။

"အွန်း~~မထဘူးသွား.."

ပို၍တင်းကြပ်သွားသော စောင်စလေးကြောင့် ဂျောင်ကုမျက်နှာထက်၌အပြုံးများဆင်မြန်း၏..။

"8နာရီထိုးနေပြီလေ အလုပ်မသွားတော့ဘူးလား.."

သူပြောလိုက်တော့‌မှ လှဲနေရာမှထထိုင်၍ စောင်ထဲမှ ခေါင်းလုံးလုံးလေးအား ဖော်ကာပင်..။

"ကိုကို ခွင့်တစ်ရက်လောက်ပေး.."

"ဘာလို့လဲ နေမကောင်းဘူးလား.."

မေးလဲမေးဂျောင်ကု လက်ဖဝါးကထယ်ယောင်းရဲ့နှာဖူးပြင်ကို စမ်းကာအပူချိန်တိုင်းသည်..။

"ကိုလဲမပူပါဘူး ဘာဖြစ်လို့လဲမောင့်ကိုပြော.."

အရှေ့ကစူပုတ်ပုတ် ဖြစ်နေသည့် ကလေးငယ်အား ကြည့်ကာမေးလိုက်ပေမယ့် နူတ်ခမ်းလေးတစ်စူစူနဲ့ပြန်ဖြေလာသည်က..။

"ဟုတ်တယ်နေမကောင်းဘူး အရမ်းအိပ်ချင်နေလို့ နေမကောင်းဘူး ကိုကိုလဲအလုပ်မသွားနဲ့တော့အိပ် ယောင်းလဲအိပ်မယ်..."

တစ်ဖန်အိပ်ယာပေါ် ထပ်ပြန်မှောက်သွားသည့် ကလေးငယ်ကြောင့် ‌သူ့သဘောကျစွာရယ်လိုက်ပြီး...။

"အဲ့လိုလုပ်လို့မရဘူးလေ မောင်ကရုံးသွားရမှာ.."

"သွားပေါ့ သွားလေ ရုံးမှာ ခပ်ချောချော အတွင်းရေးမှူးမလေးမျှော်နေရောပဲ သွားပါ သွားပါ.."

စောင်အောက်က အသံစွာစွာလေးကြောင့် သူစောင်နဲ့လုံးထွေးနေသည့် ခန္ဓာကိုယ်လေးအား ဖက်ထားလိုက်သည်..။

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now