𝗝𝗲𝗼𝗻 3

4.5K 351 12
                                    

Unicode...

"အသေးလေး အသေးလေးထတော့..."

"အွန်းးးးးကိုကိုကလဲ အစောကြီးရှိသေးတာကို...."

မျက်လုံးနှစ်လုံးကဖြင့်မဖွင့်ပဲ အစောကြီးရှိသေးတယ်ပြောနေတဲ့ အသေးလေးကြောင့် ဂျောင်ကုခေါင်းခါမိသည် ခုလဲအိပ်နေပုံကိုကြည့် တစ်ကိုယ်လုံးကိုမှ နှာခေါင်းပေါက်ပဲဖော်အိပ်တာ ဘာလို့အဲ့လိုအိပ်လဲမေးရင် သေချာပေါက် ကိုကိုက လိုက်နမ်းတာကိုးလို့ဖြေပါလိမ့်မည်...။

"ဘယ်ကို အစောကြီးရှိရမှာလဲ 8:40တောင်ဖြစ်နေပြီ အိပ်ပုတ်ရဲ့ ထတော့...

"အာမထပါဘူး ဒီနေ့ယောင်းကျောင်းပိတ်တယ်..."

"ကျောင်းပိတ်လဲထ ကိုယ့်ကြည့်တော့စာမရဘူးသာပြောနေတာ စောစောစီးစီးစာထကြည့်မယ်မရှိဘူး အသေးလေးတကယ်မထဘူးလား...."

"........"

"အဲ့ဒါဆို ကိုကိုနမ်းမှာနော်..."

"ထပြီ ထပြီ ဘာမှန်းလဲမသိဘူး အားနေနမ်းမယ်နဲ့ပဲခြိမ်းခြောက်နေတယ် ကိုကိုကနမ်းတာမှမဟုတ်တာ ယောင်းပါးတွေကိုလိုက်ကိုက်နေတာ သူအကိုက်မခံရတိုင်း ယုန်သွားတွေနဲ့..."

"အံ့မယ် အံ့မယ် အဲ့ယုန်သွားတွေနဲ့က ကိုက်ခံချင်တဲ့လူတိုင်းအကိုက်မခံရ‌ဘူးဆိုတာ ခဗျားလေးမသိဘူးလား...."

ဂျောင်ကုအော်ပြောလိုက်တော့ နားထဲလက်ညိုးထိုးထည့်ကာပင် ရေချိုးခန်းထဲဝင်သွားသည့်အသေးလေး ပြောချင်တာကနားညီးတယ်ပေါ့...။

***

"ယောင်းလေး သားငယ်မနက်စာစားမယ်...."

"ဟုတ်အိုမား..."

ဂျောင်ကုအိုမားကိုပြန်ပြောလိုက်ပြီး ရေချိုးခန်းလျှောက်သွားလိုက်ကာ တံခါးခေါက်လိုက်ပြီး...။

"အသေးလေးမြန်မြန်လုပ် ပြီးရင်အောက်ထပ်ကိုဆင်းခဲ့...."

အခန်းထဲက ထယ်ယောင်းကတော့ မျက်နှာက သွားရာထင်သွားတဲ့နေရာကို မှန်နဲ့သေချာကပ်ကြည့်ကာ...။

"ယုန်လို့ပြောရင်လဲမကြိုက်ဘူး သွားရာကျန်တာတောင် အပေါ်နှစ်ချောင်းအောက်နှစ်ချောင်းအရာပဲကျန်တယ်..."

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now