Part🍀 1 (U&Z)

70.7K 893 29
                                    

ခွန်းရဲ့နှောင်ကြိုးငယ်💛 အပိုင်း - ၁

Family Center Group ရဲ့သခင်လေး ခွန်းစေရာသည် အထက်တန်းလွှာမိသားစုတွေထဲမသိသူမရှိ။ဖခင်ဦးရာဇာနှင့်အတူCenters တွေကိုဦးစီးနေခြင်းဖြစ်ရာ ဖခင်ဦးရာဇာနှင့်မတူပဲ ခွန်းစေရာသည် အလုပ်လုပ်လျှင် စည်းကမ်းတင်းကျပ်သည်၊ တိကျသည်၊ ပြတ်သားသည် ဘယ်အလုပ်မဆိုအောင်မြင်လွန်းသည်။ ငယ်ရွယ်ပြီးထက်မြက်လွန်းသည့် ခွန်းစေရာကို အထက်တန်းလွှာလူအိုကြီးများသည် မျက်စိကျ၍ ရွှေသမတ်တော်နေချင်ကြသည်မှာအဆန်းတော့ မဟုတ်ချေ။

စီးပွားရေးတွင်အောင်မြင်ရုံသာမက လူငယ်များကြားလဲရေပန်းစားသည့် ခွန်းစေရာသည် ရည်းစားထည်လဲတွဲတတ်သေးသည်။ အရပ် 6 ပေ နှင့် Gym ဆော့ထား၍တောင့်တင်းသည့်ခန္ဓာကိုယ်၊ ကျယ်ပြန့်
သည့်ရင်အုံ၊ ရှည်လျားကျစ်လစ်သည့် ခြေတန်ရှည်များ၊ ပြီးပြည့်စုံသည့်မျက်နှာအချိုးစားကို ကျန စွာပေါင်းစပ်ဖွဲ့စည်းထားသည့် ခွန်းစေရာသည် ပျိုမဒီများကြားတွင်သာမက ယောက်ကျားလေးများကြားတွင်လဲ ကျော်ကြားလှသည်။

"ဟေ့ကောင် ခွန်း
မင်း သံသာမိုးနဲ့ရော ဘယ်လိုဖြစ်သွားပြီလဲကွ...."

ဘုန်းသစ်ရဲ့အမေးကို ထောက်ခံတဲ့မျက်နှာဘေးနဲ့ငြိမ်းမဟာနှင့် တေဇက ခွန်းကိုကြည့်လာသည် ။

"ဘယ်လိုဖြစ်ရမှာလဲ အာရုံနောက်လို့ဖြတ်လိုက်ပြီ..."

ကလပ်ရှိ Vip Room ထဲတွင် ဝီစကီခွက်ကိုင်ပြီး ခြေချိတ်ထိုင်လျှက် ဘာကိုမှ အရေးမထားသည့်မျက်နှာဘေးနှင့်ကို ခွန်းစေရာက ကြည့်ကောင်းနေသေးသည်။ ခွန်းတစ်ယောက်အရက်သောက်နေရင်းမှ ကြည့်နေသည့်ငနဲတွေကြောင့် ဖီးပင်ပျက်သွားရတော့သည်။

"ဘာတွေလာကြည့်နေတာလဲ"

"အဲ့စော်က ရေလည်လန်းတာနော်ခွန်း ငါသာဆို တစ်ခါထဲအပိုင်သိမ်းထားလိုက်မှာ မင်းပဲ..."

"ငါ့နှလုံးသားကိုမှ ကိုင်မလှုတ်နိုင်တာ တွဲပေးတာပဲကျေးဇူးတင်သင့်နေပြီ အပိုတွေကလာမျှော်လင့်နေသေးတယ် "

"လွှတ်ထားလိုက်စမ်းပါ ဘုန်းသစ်ရာ
အဲ့ကောင်ဒီလောက်ဂျီးများနေတာ
မိန်းမရမှာမဟုတ်ဘူး အဲ့ကောင်"

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now