Part🍀 14 (U&Z)

12K 303 15
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း - ၁၄
(Unicode)

အခန်းဆီလာနေကျအချိန်ထက်လွန်နေပြီဖြစ်သော် ရောက်မလာ၍စိတ်ပူပြီး ကိုယ့်ခလေးမအခန်းဆီလာခဲ့သည်။ အခန်းအပြင်မှာ ငုတ်တုတ်လေးထိုင်နေပြီး နံရံကိုမှီနေသည့်ခလေးမကြောင့် ပြာပြာသလဲပြေးသွားပြီးမေးမှအကြောင်းစုံသိရ၍ Mart သို့ထွက်လာခဲ့သည်။ လမ်းတွင်လဲ ခလေးမကိုစိတ်ပူနေသည့်စိတ်တို့ဖြင့် Mart သို့ရောက်လို့ရောက်မှန်းမသိ စိတ်တို့လောနေရတော့သည်။

Mart တွင်ရှိသည့် မိန်းခလေးအသုံးအဆောင်တန်းဆီသွားပြီး သေချာစာလိုက်ဖတ်ကာ နေ့သုံးရော ညသုံးရော ရွေးလာခဲ့လိုက်သည်။ ကိုယ့်ရဲ့ဆိုင်ဖြစ်ပေမယ့်လဲ ခွန်းဟာစည်းကမ်းတွေစောင့်ထိန်းသူမို့ ငွေရှင်း Counter တွင်ငွေရှင်းလိုက်သည့်အခါ အားလုံးကကြည့်ကွက်ကြည့်ကွက်လုပ်နေကြလေတော့သည်။

"တွေ့လိုက်လားကောင်မတွေ ကိုခွန်းစေရာမို့လား"

"ဟုတ်ပါ့အေ မိန်းခလေးအသုံးဆောင်တွေလာဝယ်နေတာ"

"ငါတို့တော့ ကျန်ရစ်ဖြစ်ပါပြီ"

"ချောချက်က မှုန်လို့ပါအေ "

Mart အခွဲဖြစ်သည်ကြောင့် ကိုခွန်းစေရာကိုကတွေ့ရခဲသည်မို့ Mart သို့တစ်ခါရောက်လာသည့်အဖြစ်မှာအားလုံးအတွက် ပျော်စရာအံအားသင့်စရာဖြစ်နေရတော့သည်။

"ငါ့ကောင်လေးဖြစ်စေချင်လိုက်တာ"

"ငါရောလေ အနီးကပ်ကြီးကသေလောက်တယ်ဟ"

"ငါ့မှာလေ သူနဲ့နီးစပ်ဖို့ ဒီအလုပ်လာလုပ်ပါတယ်ဆို ခုတော့..."

Mart အတွင်းရှိလူများ ဝိုင်းအုံပြီး လုကာ အတင်းလေးများစ၍ပြောကြတော့သည်။

ခွန်းအခန်းဆီချက်ချင်းပြန်မလာပဲ ကြီးကြီးဆန်းဆီ အခြားဘာများခလေးမကိုလုပ်ပေးနိုင်မလဲဆိုပြီး ဝင်မေးခဲ့သေးသည်။ ထို့နောက်လိုအပ်သည့်ပစ္စည်းလေးတွေမှာ ကြီးကြီးဆန်းဆီအသင့်ရှိ၍ ခွန်းယူလာခဲ့တော့သည်။

အခန်းရောက်တော့ခွေခွေလေးအိပ​်နေသည့်ခလေးမကို နှိုးလိုက်ရသည်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now