Part🍀 22 (U&Z)

12.1K 296 10
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း -၂၂
(Unicode)

ငယ်က ဘေးမှာလာအိပ်ခိုင်း၍ ခွန်းလဲဝင်အိပ်လိုက်သည်။ ငယ်ကကုတင်အစွန်းလေးတွင်အိပ်နေကာ ခွန်းဟာလဲတစ်ဖက်အစွန်းတွင်ဖြစ်လေသည်။ ငယ့်စိတ်ထဲဘာတွေတွေးပြီး ဘာတွေရှိနေမှန်းမသိပေမယ့် ဒီလိုတွေဖြစ်သွားတာတောင် ခွန်းကို ယုံကြည်ပြီး အတူတူအိပ်ခိုင်းသည့်ငယ့်ကို ကျေးဇူးတင်ပါတယ်ငယ်ရယ်။ စိတ်ချ ကိုကြီးငယ့်အပေါ် ရမ္မက်တွေမပါတဲ့ အချစ်စစ်နဲ့ချစ်တာမို့ ကိုကြီးကိုတော့ ငယ်စိတ်ချပါကွာ။

မိုးလင်းနေပြီဖြစ်ပေမယ့်ငယ်ကမနိုးသေး ပက်လက်အိပ်နေသည့်ခွန်းဘေးတွင် ခွန်းဘက်လှည့်၍ အိပ်နေပြီး လက်တစ်ဖက်ကို ခွန်းရင်ဘက်ပေါ် ပစ်တင်ထားပြီး အိပ်နေသည့်ငယ်ဟာ နှစ်နှစ်ခြိုက်ခြိုက်ကိုဖြစ်လေသည်။ ခွန်းဘေးတိုက်လေးကြည့်နေလိုက်တော့ မျက်နှာလေးက ပန်းရောင်လေးသန်းနေပြီး ဆံပင်လေးများက မျက်နှာပေါ်အနည်ကျနေလေသည်။

ဥဥနုနုမျက်နှာလေးက အိပ်နေတာလေးပဲကောင်းပါတယ်ကွာ နိုးလာရင်မရွှင်ပြတဲ့မျက်လုံးလေးတွေရယ် တွေးပြီးကြောက်နေတဲ့ပုံစံလေးကိုမြင်ရတာ ကိုယ်ကြီးရင်နာလို့ပါငယ်ရယ်။ ဒီနေ့လေးတော့ ငယ့်မျက်နှာလေးမယောင်တော့ပဲ အကောင်းပကတိအတိုင်းလေးရှိနေလို့တော်သေးတာပေါ့ကွာ။ ခွန်းအတော်ကြာငယ့်ကြည့်နေပြီးမှ လက်လေးကိုအသာချပေးလိုက်ကာ အိပ်စေလိုက်သည်။

"မေမေပြန်လိုက်တော့လေ
မောင်လေးရှိသေးတယ်မို့လားအိမ်မှာ..."

"ဟုတ်ပါတယ်ညီမရယ်
အစ်မရယ် သားလေးရယ်လဲရှိတာပဲ ..."

"မေမေ သမီးကိုစိတ်မချဘူးကွယ်..."

"မောင်လေးကိုတော့ မပြောပါနဲ့နော်မေမေရယ် နော်.. "

"အင်းပါသမီးရယ် မပြောပါဘူး"

"ပြန်လိုက်နော်မေမေ မောင်လေးလိုက်လာရင် သိကုန်မှာစိုးလို့သမီးက...."

"အင်းပါ သမီးဂရုစိုက်နော်
အစ်မတို့ကို အပ်ခဲ့မယ်နော် ညီမသမီးလေးကို"

"စိတ်ချပါ ညီမရယ်"

"သား မေမေ လိုက်ပို့လိုက်မယ် သား သမီးလေးနဲ့ပဲနေနေလိုက်နော်..."

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now