Part🍀 35 (U&Z)

9.7K 257 20
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း- ၃၅
(Unicode)

ခွန်းကားပေါ်ကဆင်း၍ ရှေ့တည့်တည့်သို့လျှောက်သွားလိုက်သည့်အခါ အသည်းအသန်လိုက်ရှာနေရသည့်လူတစ်ယောက်ဟာ ခွန်းရှေ့သူ့အလိုလ်ိုပေါ်လာလေသည်။ ထို့နောက် ဒုတ်များကိုင်ထားတဲ့  လူအုပ်စုဟာခွန်းတို့ဆီရောက်လာကြသလို ယခုတွင်တော့အလယ်တည့်တည့်တွင်ခွန်းတစ်ယောက်သာရှိသည်။

"မိတ်ဆွေဟောင်းကြီးကို တွေ့တော့ဘယ်လိုနေလဲ "

"ငါထင်ပါတယ် မင်းပေါ်လာတော့မယ်ဆိုတာ"

"မင်းပေးလိုက်တဲ့လက်ဆောင်ကအကြီးကြီးပဲကွ ငါသိပ်တောင်မကြိုက်ချင်ဘူး"

လှုပ်ရှားခြင်းမရှိသည့် ညာဘက်လက်ကိုမေးလှုပ်ပြပြီး ဆိုလိုက်သည့်မင်းသစ္စာစကားကြောင့် ခွန်းကျေနပ်ပြုံးပြုံးလိုက်သည်။

"ကြိုက်ရဲ့လား ငါကအဲ့တုန်းက လက်တစ်ဖက်ပဲအကြောဖြတ်ခဲ့တာနောင်တရတယ်သိလားကွ အခုနောက်တစ်ဖက်ပါသုံးမရအောင်လုပ်ပေးမယ်ဘယ်လိုလဲ"

"ငါအစက မင်းကာကွယ်ပေးနေတဲ့ အဲ့ baby လေးကိုပဲ ပြန်တုံ့ပြန်မလို့ပဲ အဲ့တာမှမင်းပိုနာကျင်ရမှာ "

ခွန်းလက်သီးတို့ဆုတ်လိုက်မိသည်။

"ငယ့်လက်ချောင်းလေးကိုထိရင်တောင် မင်းကိုငါသတ်ပစ်မှာခွေးကောင်"

"အဲ့လိုကြီးမပြောပါနဲ့ ငါကကြောက်တတ်တယ်ကွ"

"အစောက ငယ့်နောက်လိုက်တာမင်းမလား"

"ဟုတ်တယ် အခုတော့ငါစိတ်ပြောင်းသွားပြီမင်းကိုအရင်သ*တ်ပေးမယ် မင်းမရှိမှ မင်းရဲ့အဖိုးတန်လေးကို ငါ့လက်နဲ့ခြွေယူပြမယ် ဘယ်လောက်ပျော်စရာကောင်းလဲ ဟားဟား.."

"မင်းလုပ်ရဲရင်လုပ်ကြည့်လိုက်လေ မင်းရန်စနေတာ ခွန်းစေရာဆိုတဲ့ ငါဆိုတာ မမေ့နဲ့အုံး မင်းသစ္စာ"

"သိပါတယ် အဲ့အတွက်လက်ဆောင်ပြင်ထားတယ် မင်းကိုအနိုင်ယူဖို့မလွယ်မှန်းသိလို့ ကြည့် အကုန်ငါကိုယ်တိုင်ရွေးထားတာ "

အတိုက်အခိုက်ပိုင်းတော့မသိပေမယ့် Body ဖြောင့်သည့်လူတွေကြည့်ဖြစ်နေလေသည်။ ဒီတော့လဲဘာအရေးလဲ ဒီကောင်ကအဲ့လိုဆိုရင်ရော ကြောက်မတဲ့လား။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now